ပရိသတ်ကြီးရေ.. ထက်ထက်လို့ဆိုလိုက်တာနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကာ ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်နေကြရတဲ့ ဝါရင့်အနုပညာရှင်အကယ်ဒမီမင်းသမီးချော ထက်ထက်မိုးဦးကိုအားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။
မထက်လို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး သရုပ်ဆောင်ပိုင်းမှာ ပီပိုင်ပိုင်နိုင်မှုတွေအပြင် ကြော်ငြာတွေမှာလည်း နေရာယူထားသူမို့ ကြော်ငြာဘုရင်မအဖြစ် ပရိသတ်တွေအသိအမှတ်ပြုချစ်ခင်အားပေးကြသူဆိုလည်း မမှားပါဘူးနော်..။
Live Sale တွေမှာလည်း အမြဲလိုလိုတွေ့မြင်နေရတဲ့ မထက်ကတော့ သူမရဲ့လှုပ်ရှားမှုတွေကို ဝေမျှတတ်သလို အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုလည်း ဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ကလေးငယ်လေးတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်..။
မထက်ကတော့ လှူဒါန်းမှုတွေပြုလုပ်ပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းချင်ပေမယ့်လည်း နှလုံးရောဂါဝေဒနာရှင်တစ်ယောက်အို့ Covid ကာလကြီးမှာ အထူးဂရုစိုက်နေရတဲ့အကြောင်းလေးတွေကို စိတ်မကောင်းစွာ ပြောပြလာပါတယ်နော်..။
“ချစ်ရသူတွေနဲ့ အတူ ထက်တို့ နှစ်သစ်မှာ ကုသိုလ်ယူခဲ့ကြတာတွေ အများကြီးပဲနော်။ချစ်ရသူတွေပါဝင်တဲ့ အလှူမို့ အားလုံး ကုသိုလ်တွေရမှာအသေအချာပဲမန္တလေးမှာဆို ဘိုးဘွားရိပ်သာ၊ မိဘမဲ့ကျောင်း တွေကို ဘုရင်ကမုန့်တွေ လှူခဲ့ရတယ်။Royal D နဲ့ဆိုလည်း ဘူးပေါင်း ၁ သိန်း ကျော်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ Covid Center တွေမှာ ချစ်ရသူတွေနဲ့ အတူတူ လှူခဲ့ရတယ်။
ထက်ကိုယ်တိုင် အလှူအားလုံး လိုက်လှူချင်ပေမယ့် ကျန်းမာရေးကြောင့်မို့ပါလို့ နှလုံးရောဂါရှိလို့ ဒီကာလမှာ အထူးဂရုစိုက်နေရတယ်။ Covid ကြီး ပြီးသွားရင်လည်း ငယ်ငယ်ကလို အလှူကြီးတွေကို ချစ်ရသူတွေနဲ့ အတူတူ လှူကြမယ်နော်။..” ဆိုပြီး သူမရဲ့အလှူလေးကို မထက်က ဝေမျှထားတာပါ..။
source : myanmar load
zawgyi
source : myanmar load