အလှူငွေသွားပေးပေမယ့် လက်မခံခဲ့တဲ့ ပေါင်မုန့်သည်အဖွား ရဲ့အကြောင်းကို ပြောပြလာခဲ့တဲ့ မေဦး

အခုတလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ပေါင်မုန့်သည်အဖွားရဲ့ အခက်အခဲတွေကို ပြည်သူတွေ သိရှိပြီးတဲ့နောက်မှာတော့ စေတနာရှင်တွေနဲ့အတူ အနုပညာရှင်တွေကပါ အဖွားကို လိုက်ရှာပြီး အလှူငွေတွေ လှူခဲ့ကြပါတယ်။

မိတ်ကပ်ပညာရှင် မေဦးကလည်း ပေါင်မုန့်သည်အဖွားဆီကို သွားခဲ့ပြီး ပိုက်ဆံလှူဖို့ လုပ်ခဲ့ပေမယ့် အဖွားကတော့ လက်မခံခဲ့ပါဘူးလို့ ဆိုပါတယ်။ အဖွားရဲ့ အမှီအခိုကင်းပြီး အလကားမလိုချင်တဲ့ စိတ်ထားလေးကို မေဦးက အခုလိုပဲ ပြောပြထားပါတယ်။

 

 

“ပေါင်မုန့်ရောင်းတဲ့အဖွားသတင်း တွေ့လို့ဒီနေ့ ငါးစာကြွေးဖို့ဝယ်ရင်း ပိုက်ဆံပါလှူချင်လို့သွားခဲ့ပါတယ်။ အဖွားဆီရောက်တော့ အကျိုးအကြောင်းမေးဖြစ်ခဲ့တယ်။ ငွေလှူဖို့အတွက်ပေးတော့ မယူပါဘူး။ အရင်ကတော့အဆောင်နေပါတယ်တဲ့။ အဖွားကအခု အဖွားမြေးနဲ့အတူနေပါတယ်။ သူတို့ကပဲစောင့်ရှောက်ထားပါတယ် လို့ပြောပါတယ်။”

 

 

“အသက် ၇၈ နှစ်ရှိပါပြီ အလုပ်လုပ်ချင်လို့ကိုလုပ်တာပါ။ မေဦးနားလည်လိုက်ပါတယ်။ အသက်ကြီးပြီးဆိုပေမယ့် အခုလိုလေးအလုပ်လုပ်တော့ ကိုယ်လက်လှုပ်ရှားမှုရှိပြီး ပိုကျန်းမာပါတယ်။ ဒါတချို့အသက်ကြီးလူကြီးတွေရဲ့ပုံစံပါ။ မေဦးတောင် အဖွားကိုကြည့်ပြီးအားကျမိပါတယ်။ ခံယူချက်လဲကောင်းပါတယ်။”

“သတင်းတွေတက်လာလို့ အဖွားမိသားစုတောင်စိတ်မကောင်းဖြစ်နေပါတယ်။ ဒါကြောင့် အဖွားကိုအားပေးချင်ရင် ပေါင်မုန့်ပဲဝယ်ပြီးအားပေးပါ။ မေဦးကတော့ အခုကစပြီး တစ်လတစ်ခါ ပေါင်မုန့်တွေအကုန်ဝယ်ပြီး ငါးစာကျွေးဖြစ်မှာပါ။ အဖွားကိုအားပေးရာလဲရောက်တယ် ငါးစာကျွေးတော့ကုသိုလ်လဲရပါတယ်။

 

 

အဖွားရဲ့မြေးမိသားစုကလဲ အဖွားကိုစောင့်ရှောက်ထားတယ်ဆိုတာလေးလဲ ထည့်ရေပေးဖို့မေဦးကိုမှာပါတယ်။ ဒါကြောင့်တခါတလေ အခုအသက်ကြီးတဲ့သူချို့ဟာ လှုပ်လှုပ်ရှားရှားလေးနဲ့ သူတို့ရဲ့ကျန်ရှိနေတဲ့အချိန်လေးတွေကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာ မေဦးတို့လူငယ်တွေက ဘေးကနေ စောင့်ရှောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

 

 

အဖွားကို ဂရုဏာသက်ပြီး လာရောက် အလှူငွေတွေ လှူဒါန်းကြပေမယ့် အဖွားကတော့ သူများဆီက ဘယ်အရာမှ အလကားမယူချင်တဲ့ စိတ်ထားကတော့ လေးစားစရာပဲနော်။ အဖွားလဲ အလုပ်တွေကို ကျန်းကျန်းမာမာနဲ့လုပ်ပြီး သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.