“အလွမ်းရာသီသီချင်း ဗီဒီယိုဖိုင်လေးကို ကြည့်မိသူ ပရိသတ်တစ်ယောက်ရဲ့ ဝေဖန်ထောက်ပြမှုလေးကို ပြန်လည်တုံ့ပြန်ပြောလာတဲ့ နန်းဆုရတီစိုး”

Posted on

ပရိသတ်ကြီးရေ အရုပ်မလေးတစ်ရုပ်လို လှပသူ မင်းသမီးအဆိုတော် နန်းဆုရတီစိုးကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နန်းဆုရတီစိုးကတော့ အနုပညာလောကထဲကို မော်ဒယ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အပြင် အဆိုပိုင်းကိုပါ ကူးပြောင်းခဲ့ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိခဲ့တဲ့ အဆိုတော်မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.။

အရုပ်မလေးတစ်ရုပ်လို လှပပြီး အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အသည်းထဲစွဲအောင် သီချင်းသီဆိုတတ်သူ နန်းဆုရတီစိုးရဲ့ “ရူးအောင်ချစ်ရသူ” နဲ့ “ကမ်းမဲ့လှေ”တို့ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များခဲ့တဲ့ သီချင်းတွေပဲဖြစ်ပါတယ်နော်.။ လက်ရှိ သြဂုတ်လ (၁)ရက်နေ့မှာလည်း နန်းဆုက သူမရဲ့ သီချင်းသစ် “အလွမ်းရာသီ”သီချင်သစ် Music Video ကို လူမှုကွန်ရက်စာမျက်နှာပေါ် စတင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေခဲ့ပါတယ်.။ သြဂုတ်လ (၅)ရက်နေ့မှာတော့ နန်းဆုက သူမရဲ့ သီချင်းနဲ့ ပရိသတ်တွေအပေါ် အလေးထားလုပ်ဆောင်တတ်မှုလေးတွေကို ဝေဖန်ထောက်ပြပေးတဲ့ ပရိသတ်တစ်ယောက်ရဲ့ Comment ပုံလေးနဲ့အတူ “ဝေဖန်ပေးမှုအတွက် ကျေးဇူး” ဆိုပြီး သူမရဲ့ My Dayမှာ တင်လာခဲ့ပါတယ်.။

ပရိသတ်တွေအပေါ် အလေးထားပြီး သီချင်းနဲ့ Music Video အတွက် အကောင်းဆုံးပြင်ဆင် လုပ်ဆောင်တတ်တဲ့ နန်း ဆုရတီစိုးလေးကတော့ အနုပညာနဲ့ပတ်သက်ပြီးနည်းနည်းလေးမှ လျော့မသွားတဲ့ အချစ်တွေနဲ့ လုပ်ကိုင်နေတဲ့သူလေးပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးလည်း နန်းဆုရတီစိုးလေးကို ချစ်ခင်အားပေးရင် မှတ်ချတ်လေးတွေ ရေးပြီးအားပေးသွားပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။

Source: Nansu Yati Soe’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.