“အလှမယ်ဘဝကနေ လျှောက် လှမ်းခဲ့ တာ(၈)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေ နဲ့ အမှ တ်တရလေးတွေကို ချပြရင်း ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ နန်းခင်ဇေယျာ”

Posted on

အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာကို ပ ရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်နော်။ နန်းခင်ဇေယျာကတော့ အလှမယ်ဖြစ်ရုံသာမက ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာလည်း အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။ သူမဟာဆိုရင် အနုပညာလုပ်ငန်းတွေသာမက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

နန်းခင်ဇေယျာကတော့ ကိုယ်တိုင်ပြုလုပ်ထားတဲ့ မာလာရှမ်းကောနဲ့ အသုတ်တို့ကို ရောင်းချရင်းကနေ ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်လျက်ရှိပါတယ်။ သူမရဲ့အားလပ်ချိန်တိုင်းမှာ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။ ဒီနေ့မှာတော့ နန်းခင်ဇေယျာက”၈နှစ်ပြည့်ခဲ့ပြီနော်။ နန်းခင်ဇေယျာ ဖြစ်လာအောင် အားပေးခဲ့ တဲ့ချစ်ရတဲ့ ပရိသတ်တွေကို လည်း အမြဲ ကျေးဇူးတငိ ပါတယ်ရှင်။ Vote တွေပေးခဲ့ အောင် မြင်ခဲ့ တဲ့ နှစ်တစ်ခုပါ”လို့ဆိုပြီး အလှမယ်ဘဝကနေ လျှောက်လှမ်းခဲ့တာ (၈)နှစ်ပြည့်ခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

နန်းခင်ဇေယျာရဲ့ အလှမယ်ဘဝလျှောက်လှမ်းခဲ့တာ (၈)နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source…Nang Khin Zayar’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.