



Source : Kyaw Phyo Tun


ယူနီကုဒ်ဖြင့်ဖတ်ရန်
အလွန်အမင်းစားစရာတွေစုဝယ်နေတဲ့ လူတွေကို အရွှန်းဖောက်လိုက်တဲ့ အာဘွိုင်း …

CeleConnections ပရိသတ်ကြီးရေ အဆိုတော်အာဘွိုင်းလို့ပြောလိုက်တာနဲ့ အရုပ်မလေးလိုလှတဲ့ သူ့ရဲ့ ဇနီးမြတ်ရတနာကျော်ကိုလည်း တွဲမြင်ကြမယ်ထင်ပါတယ်နော်။မြတ်ရတနာ ကျော်ကတော့ အခုချိန်မှာတော့အနုပညာအလုပ်တွေကိုရပ်နားကာ အဆိုတော် Ah Boy နဲ့ အတူ သားယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေး Scarlett ကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

အာဘွိုင်းတို့ဇနီးမောင်နှံကတော့ အိမ်ထောင်သက် (၂)နှစ်ကျော် ရှိခဲ့ပေမယ့် အချစ်တွေကတော့ အခုချိန်ထိ လတ်ဆတ်နေဆဲဖြစ်ပြီး ” Our Travel Diaries ” ဆိုတဲ့ Page လေးနဲ့ Vlog လေးတွေ ပြုလုပ်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ဇနီးချောလေးနဲ့ သမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ အာဘွိုင်းကတော့ အခုလက်ရှိမှာဖြစ်ပွားနေတဲ့ Covid 19 နဲ့ပတ်သက်တာတွေကိုလည်း ပရိသတ်တွေ အတွက် ဝေမျှအသိပေးနေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။

ဒီနေ့မှာတော့ ” သူများတွေ စားစရာတွေချည်းဝယ်နေချိန်…ကိုယ်တွေကတော့ နေ့စဉ်သုံးဖို့ Skin Care တွေ၊ Mask တွေ၊ Collagen တွေဝယ်ထားတယ်။ဒါမှ Virus တွေမရှိတော့ပဲ အိမ်ထဲကနေ အပြင်ထွက်လို့ရတဲ့နေ့… ငါအရမ်းတွေစောင်ချောကြီးဖြစ်ပြီး လွှတ်ဂလိုးနေတော့မှာ ” ဆိုတဲ့ စာလေးနဲ့ စာဖတ်သူတိုင်းစိတ်ပျော်ရွှင်အောင် အရွှန်းဖောက်ထားတာတွေကရပါတယ်။ CeleConnections ပရိသတ်ကြီးထဲမှာရော အာဘွိုင်းနဲ့ အကြံတူတဲ့သူတွေရှိရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Kyaw Phyo Tun

Candy -CeleConnections

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.