အလုပ်လုပ်နေတဲ့အောင်မင်းခန့်ကို လက်ညှိုးထိုးပြီး သူမသိအောင်တီးတိုးပြောကာ စနောက်ကျီစယ်နေတဲ့ ယွန်းယွန်းရဲ့ဗီဒီယိုလေး

Posted on

မင်းသမီးချောလေး ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေရဲ့အသည်းကျော်လေးအဖြစ် နေရာယူခဲ့တာ ဖြစ်ပါတယ်။ အရွယ်လေးနဲ့မလိုက်အောင် ဇာတ်ရုပ်တိုင်းကို သဘာဝကျအောင်သရုပ်ဆောင်တတ်တဲ့ ယွန်းယွန်းက အခုဆိုရင် အရွယ်ရောက်ပြီး ကြီးပြင်းလာခဲ့ပြီပဲ ဖြစ်ပါတယ် ။ မကြာသေးခင်ကမှ အသက် (၂၁)နှစ်ပြည့်သွားခဲ့တဲ့ ယွန်းယွန်းလေးက အရင်ကထက်တောင် ပိုပိုပြီးလှလာတာ ဖြစ်ပါတယ် ။

ယွန်းယွန်းက လူချစ်လူခင်ပေါများသူလေးဖြစ်သလို ပရိသတ်တွေကလည်း သူမကို အပြတ်အသတ် ဝန်းရံအားပေးနေကြတာ ဖြစ်ပါတယ် ။ အလုပ်တွေကြိုးစားနေတဲ့ ယွန်းယွန်းလေးက လက်ရှိမှာတော့ ကြော်ငြာနဲ့ Photo Shooting တွေ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ အခုလည်း ယွန်းယွန်းက မင်းသားချော အောင်မင်းခန့်နဲ့အတူ ရိုက်ကူးရေးတစ်ခုပြုလုပ်နေတာ ဖြစ်ပါတယ်။ ‌ယွန်းယွန်းက အောင်မင်းခန့်နဲ့ခင်မင်ရင်းနှီးနေပြီဖြစ်တာကြောင့် ရှုတင်မှာ လိုက်စနေတာပဲ ဖြစ်ပါတယ် ။

ယွန်းယွန်းက အလုပ်လုပ်နေတဲ့အောင်မင်းခန့်ကို လက်ညှိုးထိုးပြီး သူမသိအောင်တီးတိုးပြောကာ စနောက်နေတာပဲ ဖြစ်ပါတယ် ။ ယွန်းယွန်းနဲ့ အောင်မင်းခန့်တို့နှစ်ယောက်ကတော့ အခုလတ်တလောမှာဆိုရင် Double Dating အစီအစဥ်လေးနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို တစ်ခဲနက်ရရှိနေကြတာ ဖြစ်ပါတယ် ။ ကဲ အရမ်းချစ်ဖို့ကောင်းနေတဲ့ ယွန်းယွန်းနဲ့ အောင်မင်းခန့်တို့ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yoon Yonn’s FB Acc & Min Set’s FB Story

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.