“ကားရိုက် အတွက် ဖုန်းလှမ်းဆက်တဲ့ အချိန်မှာ ဝမ်းသာ မျက်ရည် ကျခဲ့ရတယ်။ Shooting ထမင်း မစားရတာ (၅) လကျော်ပြီ။ ဒီနေ့က အပျော်ဆုံးနေ့ပါ” လို့ မာဖီးယားစီးတီး ရိုက်ကွင်းမှာ သရုပ်ဆောင်ခွင့်ရလို့ ထီပေါက်သလို ပျော်နေတဲ့ သရုပ်ဆောင် ပါကျဲက သူ့ရဲ့ ခံစားချက်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်
သရုပ်ဆောင်ပါကျဲဟာ ဇာတ်ကားတွေမရိုက်ရလို့ အလုပ်မရှိတာ (၅) လရှိပြီလို့ ပြောပါတယ်. . .သူဟာ အလုပ်မရှိချိန်မှာ ၀မ်းရေးအတွက် ဖိနပ်ချုပ်ပြီး ရှာစားနေခဲ့ရတာဖြစ်ပါတယ်
ဖိနပ်ချုပ်ပြီး ဘ၀ကို ခက်ခက်ခဲခဖြတ်သန်းနေရတဲ့ သရုပ်ဆောင်ပါကျဲ အကြောင်းကို “Myanmar Celebrity” က ရုပ်သံရိုက်ကူးပြီး Page မှာ တင်ခဲ့တာကြောင့် ယုန်လေး နှင့် တခြားမင်းသား မင်းသမီးတွေက သိရှိပြီး ခုလို သရုပ်ဆောင်ဖို့ ခေါ်ခဲ့တာလို့ သိရပါတယ်
ယခု သူပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ ဇာတ်ကားကတော့ ဒါရိုက်တာ ယုန်လေးရိုက်ကူးတဲ့ “မာဖီးယားစီးတီ’ဇာတ်ကားဖြစ်ပါတယ်. . .ဇာတ်ကားပြန်ရိုက်ရလို့ အရမ်းဝမ်းသာနေတဲ့ သရုပ်ဆောင် ပါကျဲရဲ့ ရင်ဖွင့်စကား Video လေးကို ကြည့်ရှုနိုင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်
Video ကြည့်ရန်
Video : Myanmar Celebrity