အရႈပ္ေတာ္ပုံျပႆနာေတြေၾကာင့္ အႏုပညာေလာကမွရပ္နားဖို႔အတြက္ တြန္းအားအေပးခံခဲ့ရတဲ့ ကိုရီးယားသ႐ုပ္ေဆာင္မ်ား

Posted on

ေတာင္ကိုရီးယားႏိုင္ငံရဲ႕အႏုပညာေလာကမွာ အရႈပ္ေတာ္ပုံျပႆနာေတြေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြကိုရပ္နားၿပီး ေဖ်ာ္ေျဖေရးနယ္ပယ္ထဲကေန ထြက္ခြာသြားဖို႔အတြက္ တြန္းအားေပးခံခဲ့ရတဲ့ အႏုပညာရွင္ေတြဆိုတာရွိပါတယ္။ အခုတင္ဆက္ေဖာ္ျပေပးခ်င္တာေတာ့ ရႈပ္ေထြးလွတဲ့ျပႆနာေတြမွာ ပါဝင္ပတ္သတ္ေနခဲ့တာေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြကို အခ်ိန္တစ္ခုမွ်ရပ္နားခဲ့ၾကရသူေတြျဖစ္ပါတယ္။ သူတို႔ေတြကေတာ့…

1. Oh Hyun Kyung

မင္းသမီး Oh Hyun Kyung ကေတာ့ ၁၉၉၈ ခုႏွစ္တုန္းက သူမရဲ႕ခ်စ္သူနဲ႔ ခ်စ္တင္းေႏွာေနတဲ့ ဗီဒီယိုဖိုင္တစ္ခုပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ အႏုပညာလႈပ္ရွားမႈေတြကိုရပ္နားခဲ့ရတာျဖစ္ပါတယ္။ အဆိုပါဗီဒီယိုဖိုင္ဟာ သူမ မသိေအာင္ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ႐ိုက္ကူးထားတယ္ဆိုတာကို သက္ေသေတြထြက္ရွိလာခဲ့ေပမယ့္လည္း ကိုရီးယားျပည္သူေတြရဲ႕ အျပစ္တင္ေဝဖန္မႈေတြကဆက္လက္ျပင္းထန္ခဲ့တာေၾကာင့္ သူမဟာ အႏုပညာအလုပ္ေတြရပ္နားၿပီး ႏိုင္ငံရပ္ျခားကိုေတာင္ထြက္ခြာသြားခဲ့ရပါတယ္။ ဒါေပမယ့္လည္း ၁၀ ႏွစ္နီးပါးအၾကာ ၂၀၀၇ ခုႏွစ္မွာေတာ့ သ႐ုပ္ေဆာင္နယ္ပယ္ထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ကာ အဲဒီအခါမွာေတာ့ သူမဟာ ေအာင္ျမင္မႈေတြနဲ႔အတူ နာမည္ဂုဏ္သတင္းကို ေနာက္ထပ္တစ္ဖန္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

2. Han Ye Seul

ျမန္မာပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားျဖစ္တဲ့ မင္းသမီး Han Ye Seul ကေတာ့ “Spy Myung-Wol” ဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့စဥ္အခ်ိန္တုန္းက ႐ိုက္ကူးေရးကိုလာေရာက္ျခင္းမရွိပဲ အေမရိကားကိုထြက္သြားခဲ့တာေၾကာင့္ ဒီသတင္းဟာ ကိုရီးယားျပည္သူေတြအၾကားမွာ အေတာ္ေလးပြဲဆူခဲ့ဖူးပါတယ္။ ဒီလိုမ်ိဳးထြက္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ ထုတ္လုပ္သူေတြက သူမကို ဒီဇာတ္လမ္းမွာသ႐ုပ္ေဆာင္ဖို႔အတြက္ ျပင္းထန္စြာေစခိုင္းခဲ့တာေၾကာင့္ျဖစ္ကာ ေနာက္ဆုံးမွာေတာ့ သူမဟာ ကိုရီးယားကိုျပန္လာခဲ့ၿပီး ဇာတ္လမ္းကိုအၿပီးသတ္႐ိုက္ကူးေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြရဲ႕ေဝဖန္ရႈံ႕ခ်မႈေတြကျပင္းထန္ေနခဲ့တာေၾကာင့္ အဆိုပါဇာတ္ကားၿပီးတာနဲ႔ သုံးႏွစ္ေလာက္ ႐ိုက္ကူးေရးေတြကနားပစ္ခဲ့ရတယ္လို႔ သိရပါတယ္။

3. Kim Hyun Joong

၂၀၁၄ ခုႏွစ္တုန္းက အဆိုေတာ္နဲ႔သ႐ုပ္ေဆာင္ျဖစ္သူ Kim Hyun Joong ဟာ သူ႔ရဲ႕ရည္းစားေဟာင္းကို ႐ိုက္ႏွက္ဒဏ္ရာရေစမႈနဲ႔ပတ္သတ့္ၿပီး တရားစြဲဆိုခံခဲ့ရပါတယ္။ တကယ္ေတာ့ ဒီျဖစ္ရပ္ဟာ ရည္းစားေဟာင္းျဖစ္သူရဲ႕လုပ္ႀကံဇာတ္ျဖစ္ေသာ္ျငားလည္း Kim Hyun Joong ရဲ႕ နာမည္နဲ႔ဂုဏ္သတင္းကို ဆိုး႐ြားစြာထိခိုက္ေစခဲ့တဲ့အတြက္ သူဟာ ႏွစ္အေတာ္ၾကာမွ်႐ိုက္ကူးေရးေတြကိုရပ္နားခဲ့ၿပီး ၂၀၁၈ ခုႏွစ္ကိုေရာက္ေတာ့မွ ဇာတ္လမ္းတြဲအသစ္တစ္ခုနဲ႔ ျပန္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း ကိုရီးယားျပည္သူေတြက ႏွစ္ၿခိဳက္အားရမႈမရွိခဲ့ပါဘူး။ အခုလက္ရွိမွာေတာ့ သူဟာ သ႐ုပ္ေဆာင္တစ္ေယာက္အေနထက္ အဆိုေတာ္အျဖစ္နဲ႔သာ ဆက္လက္ရပ္တည္လွ်က္ရွိပါတယ္။

4. Han Ji Sun

မင္းသမီး Han Ji Sun ကေတာ့ ၂၀၁၉ ခုႏွစ္တုန္းက တက္စီဒ႐ိုင္ဘာတစ္ေယာက္ကို ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့မႈနဲ႔ပတ္သတ္ၿပီး အျပစ္တင္ရႈံ႕ခ်မႈေတြကို ျပင္းထန္စြာရရွိခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္မွာေတာ့ သူမအေနနဲ႔ တက္စီဒ႐ိုင္ဘာကို ေတာင္းပန္ခဲ့ေပမယ့္လည္း သူမရဲ႕နာမည္ဂုဏ္သတင္းဟာ ဆိုး႐ြားစြာထိခိုက္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူမပါဝင္သ႐ုပ္ေဆာင္ဖို႔ရွိတဲ့ “The Secret Life of My Secretary” ဇာတ္လမ္းတြဲကေန ႏႈတ္ထြက္ခဲ့ရပါတယ္။ အဲဒီအခ်ိန္ကတည္းက သူမဟာ ပရိသတ္ေတြရဲ႕ျမင္ကြင္းကေနေပ်ာက္ကြယ္သြားခဲ့တာ အခုဆိုရင္ တစ္ႏွစ္ရွိေနၿပီျဖစ္ေသာ္လည္း ဒီေန႔အခ်ိန္ထိ မည္သည့္တီဗြီအစီအစဥ္မွမွ် ပါဝင္လာျခင္းမရွိေသးပါဘူး။

5. Lee Kyung Young

ဝါရင့္သ႐ုပ္ေဆာင္ႀကီးတစ္ေယာက္ျဖစ္တဲ့ Lee Kyung Young ကေတာ့ ၂၀၀၂ ခုႏွစ္တုန္းက အသက္မျပည့္ေသးတဲ့ျပည့္တန္ဆာေတြနဲ႔ ပတ္သတ္ၿပီးျပစ္မႈရွိေၾကာင္းေပၚလြင္ခဲ့သူျဖစ္ပါတယ္။ ဒါ့အျပင္ အ႐ြယ္မေရာက္ေသးတဲ့မင္းသမီးငယ္ေလးေတြကိုလည္း ဇာတ္ကားေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရဖို႔အတြက္ အလဲအလွယ္အေနနဲ႔ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္မႈေတြျပဳလုပ္ခဲ့ပါေသးတယ္။ ဒီလိုလုပ္ရပ္ေတြေၾကာင့္ သူဟာ ၁၀ လမွ်အက်ဥ္းခ်ခံခဲ့ရၿပီး အဲဒီေနာက္မွာေတာ့ ေတာင္ကိုရီးယားႏိုင္ငံရဲ႕႐ုပ္သံလိုင္းေတြအကုန္လုံးမွာ ပါဝင္ခြင့္ဖို႔အတြက္ တားျမစ္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ၂၀၁၄ ခုႏွစ္မွာေတာ့ MBC ႐ုပ္သံလိုင္းကေန တားျမစ္ပိတ္ပင္မႈကို စတင္ၿပီးျပန္လည္႐ုတ္သိမ္းေပးခဲ့ပါတယ္။

Ref : Koreaboo

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာလောကမှာ အရှုပ်တော်ပုံပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကိုရပ်နားပြီး ဖျော်ဖြေရေးနယ်ပယ်ထဲကနေ ထွက်ခွာသွားဖို့အတွက် တွန်းအားပေးခံခဲ့ရတဲ့ အနုပညာရှင်တွေဆိုတာရှိပါတယ်။ အခုတင်ဆက်ဖော်ပြပေးချင်တာတော့ ရှုပ်ထွေးလှတဲ့ပြဿနာတွေမှာ ပါဝင်ပတ်သတ်နေခဲ့တာကြောင့် အနုပညာလှုပ်ရှားမှုတွေကို အချိန်တစ်ခုမျှရပ်နားခဲ့ကြရသူတွေဖြစ်ပါတယ်။ သူတို့တွေကတော့…

1. Oh Hyun Kyung

မင်းသမီး Oh Hyun Kyung ကတော့ ၁၉၉၈ ခုနှစ်တုန်းက သူမရဲ့ချစ်သူနဲ့ ချစ်တင်းနှောနေတဲ့ ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့ခဲ့ပြီးနောက် အနုပညာလှုပ်ရှားမှုတွေကိုရပ်နားခဲ့ရတာဖြစ်ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ဟာ သူမ မသိအောင်ရည်ရွယ်ချက်ရှိရှိနဲ့ ရိုက်ကူးထားတယ်ဆိုတာကို သက်သေတွေထွက်ရှိလာခဲ့ပေမယ့်လည်း ကိုရီးယားပြည်သူတွေရဲ့ အပြစ်တင်ဝေဖန်မှုတွေကဆက်လက်ပြင်းထန်ခဲ့တာကြောင့် သူမဟာ အနုပညာအလုပ်တွေရပ်နားပြီး နိုင်ငံရပ်ခြားကိုတောင်ထွက်ခွာသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၁၀ နှစ်နီးပါးအကြာ ၂၀၀၇ ခုနှစ်မှာတော့ သရုပ်ဆောင်နယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာခဲ့ကာ အဲဒီအခါမှာတော့ သူမဟာ အောင်မြင်မှုတွေနဲ့အတူ နာမည်ဂုဏ်သတင်းကို နောက်ထပ်တစ်ဖန်တည်ဆောက်နိုင်ခဲ့ပါတယ်။

2. Han Ye Seul

မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသမီး Han Ye Seul ကတော့ “Spy Myung-Wol” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့စဉ်အချိန်တုန်းက ရိုက်ကူးရေးကိုလာရောက်ခြင်းမရှိပဲ အမေရိကားကိုထွက်သွားခဲ့တာကြောင့် ဒီသတင်းဟာ ကိုရီးယားပြည်သူတွေအကြားမှာ အတော်လေးပွဲဆူခဲ့ဖူးပါတယ်။ ဒီလိုမျိုးထွက်သွားရတဲ့ အကြောင်းအရင်းကတော့ ထုတ်လုပ်သူတွေက သူမကို ဒီဇာတ်လမ်းမှာသရုပ်ဆောင်ဖို့အတွက် ပြင်းထန်စွာစေခိုင်းခဲ့တာကြောင့်ဖြစ်ကာ နောက်ဆုံးမှာတော့ သူမဟာ ကိုရီးယားကိုပြန်လာခဲ့ပြီး ဇာတ်လမ်းကိုအပြီးသတ်ရိုက်ကူးပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ဝေဖန်ရှုံ့ချမှုတွေကပြင်းထန်နေခဲ့တာကြောင့် အဆိုပါဇာတ်ကားပြီးတာနဲ့ သုံးနှစ်လောက် ရိုက်ကူးရေးတွေကနားပစ်ခဲ့ရတယ်လို့ သိရပါတယ်။

3. Kim Hyun Joong

၂၀၁၄ ခုနှစ်တုန်းက အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်သူ Kim Hyun Joong ဟာ သူ့ရဲ့ရည်းစားဟောင်းကို ရိုက်နှက်ဒဏ်ရာရစေမှုနဲ့ပတ်သတ့်ပြီး တရားစွဲဆိုခံခဲ့ရပါတယ်။ တကယ်တော့ ဒီဖြစ်ရပ်ဟာ ရည်းစားဟောင်းဖြစ်သူရဲ့လုပ်ကြံဇာတ်ဖြစ်သော်ငြားလည်း Kim Hyun Joong ရဲ့ နာမည်နဲ့ဂုဏ်သတင်းကို ဆိုးရွားစွာထိခိုက်စေခဲ့တဲ့အတွက် သူဟာ နှစ်အတော်ကြာမျှရိုက်ကူးရေးတွေကိုရပ်နားခဲ့ပြီး ၂၀၁၈ ခုနှစ်ကိုရောက်တော့မှ ဇာတ်လမ်းတွဲအသစ်တစ်ခုနဲ့ ပြန်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုရီးယားပြည်သူတွေက နှစ်ခြိုက်အားရမှုမရှိခဲ့ပါဘူး။ အခုလက်ရှိမှာတော့ သူဟာ သရုပ်ဆောင်တစ်ယောက်အနေထက် အဆိုတော်အဖြစ်နဲ့သာ ဆက်လက်ရပ်တည်လျှက်ရှိပါတယ်။

4. Han Ji Sun

မင်းသမီး Han Ji Sun ကတော့ ၂၀၁၉ ခုနှစ်တုန်းက တက်စီဒရိုင်ဘာတစ်ယောက်ကို ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့မှုနဲ့ပတ်သတ်ပြီး အပြစ်တင်ရှုံ့ချမှုတွေကို ပြင်းထန်စွာရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမအနေနဲ့ တက်စီဒရိုင်ဘာကို တောင်းပန်ခဲ့ပေမယ့်လည်း သူမရဲ့နာမည်ဂုဏ်သတင်းဟာ ဆိုးရွားစွာထိခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူမပါဝင်သရုပ်ဆောင်ဖို့ရှိတဲ့ “The Secret Life of My Secretary” ဇာတ်လမ်းတွဲကနေ နှုတ်ထွက်ခဲ့ရပါတယ်။ အဲဒီအချိန်ကတည်းက သူမဟာ ပရိသတ်တွေရဲ့မြင်ကွင်းကနေပျောက်ကွယ်သွားခဲ့တာ အခုဆိုရင် တစ်နှစ်ရှိနေပြီဖြစ်သော်လည်း ဒီနေ့အချိန်ထိ မည်သည့်တီဗွီအစီအစဉ်မှမျှ ပါဝင်လာခြင်းမရှိသေးပါဘူး။

5. Lee Kyung Young

ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Lee Kyung Young ကတော့ ၂၀၀၂ ခုနှစ်တုန်းက အသက်မပြည့်သေးတဲ့ပြည့်တန်ဆာတွေနဲ့ ပတ်သတ်ပြီးပြစ်မှုရှိကြောင်းပေါ်လွင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အရွယ်မရောက်သေးတဲ့မင်းသမီးငယ်လေးတွေကိုလည်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရဖို့အတွက် အလဲအလှယ်အနေနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် သူဟာ ၁၀ လမျှအကျဉ်းချခံခဲ့ရပြီး အဲဒီနောက်မှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့ရုပ်သံလိုင်းတွေအကုန်လုံးမှာ ပါဝင်ခွင့်ဖို့အတွက် တားမြစ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၄ ခုနှစ်မှာတော့ MBC ရုပ်သံလိုင်းကနေ တားမြစ်ပိတ်ပင်မှုကို စတင်ပြီးပြန်လည်ရုတ်သိမ်းပေးခဲ့ပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.