အရှက် သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းမဆိုတာ…..

အရှက်တရားရှိတဲ့ မိန်းမတိုင်းသိက္ခာတရားကို ကိုးကွယ်တယ် သိက္ခာတရားကို ကိုးကွယ်တဲ့အတွက်

ဘယ်တော့မှ မျက်နှာမများကြဘူး

ယောက်ျားတစ်ယောက်ကို ချစ်သူအဖြင့် ရွေးချယ်ထားပြီးရင် ဒီလူကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဒူပေဓံပေခံပြီး လက်တွဲမဖြုတ်သလို သစ္စာဖောက်ဖို့ ဆိုတာ ဝေလာဝေး ။

ဘာကြောင့်လည်း သိလား သူတို့ က အသက်နဲ့ လူလုပ်နေတာ မဟုတ်ဖူး မိန်းမတစ်ယောက်ရဲ့ အရှက်သိက္ခာနဲ့ လူလုပ်နေကြလို့ ပဲ ။

သူတို့ အနာဆုံးစကားက” နင့်အရင်လူကို မပြတ်သေးဘူးမဟုတ်လား “” နင် အသစ်တွေ့ နေတာလား ” ” လမ်းခွဲကြစို့  ” ဒီစကားသုံးခွန်းကို အနာကျည်းဆုံးပဲ ။ ဘာကြောင့်လည်း

1 သူတို့ စိတ်က ယောက်ျားသားတွေထက်ပြတ်သားတယ် ဟိုလိုလိုဒီလိုလို ဂဏာမငြိမ်တဲ့ စိတ်မရှိလို့ ပဲ ပြီးခဲ့တာတွေကို သယ်မလာတတ်တဲ့စိတ်ကြောင့်

” နင့်အရင်လူကို မပြတ်နိုင်သေးဘူး မဟုတ်လား ” ဆိုတဲ့ စကားသံဟာ မိန်းမတစ်ယောက်ရဲ့ မာနကို ရိုက်ချိုးသလို ခံစားရလို့  သေမတတ်နာတယ် ။

2 ကိုယ့်ဖက်က တကယ်အချစ်စစ်နဲ့  ရွေးချယ်လိုက်မိတဲ့လူဟာ လူနာဝဲစွဲနေတောင် အသစ်ဆိုတာရှာပြီး ကိုယ့်သိက္ခာကို ကိုယ်တိုင်မချဘူး ။

သိက္ခာဆိုတာ မိန်မကောင်းတစ်ယောက်အသက် စိတ်သာယာရှာတဲ့အမျိုးစားထဲ မပါလို့  ” နင်အသစ်တွေ့ နေပြီလား ” ဆိုတဲ့စကားဟာ မိန်းမကောင်းတစ်ယောက်ရဲ့

သိက္ခာကို ရိုက်ချိုးခြင်းနဲ့  ထပ်တူကြလို့  အရိုးထိကို ရွံရှာတယ် ။ မိန်းမကောင်းဆိုတာ ဖာဆန်တဲ့စိတ်မရှိဘူး စာနာစိတ်ကို ရှေ့ တန်းတင်တဲ့သူတွေ ။

3 မိန်းမကောင်းတွေဆိုတာ ဘယ်ယောက်ျားကိုမှ ရေလာမြောင်းပေး မဆက်ဆံတတ်သလို လူတစ်ယောက်ရဲ့ အချစ်ကို အလွယ်နဲ့  လက်မခံဘူး ။

သာမန်ခင်မင်တဲ့လူကိုတောင် စကားအဖက်လုပ်မပြောဘူး။ ကိုယ့်ဖက်က မစခဲ့ပဲ ကိုယ့်အချစ်ကိုအတင်ရအောင်ယူထားတဲ့သူက ပွင့်လင်းမှုမရှိတာတွေ / မရိုးမသားဆက်ဆံလာရင်တောင် ရင်စည်းပြီး သည်းခံလိမ့်မယ် ။

ဘာကြောင့်လည်း သိလား လောကကြီးမှာ ကိုယ်နဲ့ သင့်လျော်တဲ့ ယောက်ျားရှားနေလို့  မဟုတ်ဘူး ကိုယ့်ကိုယ်ကျင့်သိက္ခာနဲ့  မလဲနိုင်လို့  ယောက်ျားတစ်ယောက်ကို အောက်ကျို့ ဆက်ဆံတာ ။

” လမ်းခွဲမယ် ” ဆိုတဲ့စကားဟာ မိန်းမကောင်းတစ်ယောက်အတွက် အသက်သေတာထက် နာကျင်တယ် ။ ကိုယ့်ဖက်က စစ်မှန်တဲ့အချစ်တွေကို သစ္စာရှိစွာ ယုံယုံကြည်ကြည် ပုံအပ်ပြီး ပေးခဲ့တာလေ

အပြစ်ကင်းအောင်နေခဲ့တာလေ ဒီကြားထဲက ” လမ်းခွဲမယ် ” ဆိုလာရင် ပြောတဲ့သူကိုရော သတ်ပစ်ချင်လောက်အောင် မုန်းတယ် ။

မိန်းမကောင်းတွေဟာ သေတောင်သစ္စာမမဲ့တတ်တဲ့အတွက် ကိုယ်မစခဲ့ပဲ အထက်စီးဆန်ဆန် စကားကို လက်မခံနိုင်ဘူး ။

မှတ်ထားပါ မိန်းမကောင်းတစ်ယောက်ကို အကြိမ်ကြိမ်မစော်ကား မိစေနဲ့  သင့်အပေါ်ကို ဟေးလားဝါးလားဆက်ဆံခဲ့တာ မဟုတ်တဲ့အတွက် သူ့ သိက္ခာမာနတွေကို ထိခိုက်လာတာ များရင် ဓါးသွားထက် ထက်တဲ့စကားလုံးတွေ သင်ပြန်ရမယ် ။ သူ့ အပြစ်မဟုတ်ဘူး

မိန်းမကောင်းတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားပဲ တပါးသူရဲ့ သိက္ခမာနကို ထိခိုက်စေတဲ့ သင်သာ အပြစ်ရှိသူ ။ သင့်အပေါ် တကယ်မချစ်တဲ့သူကသာ သင်စော်ကားသမျှ စကားတွေကို ပျက်ရယ်ပြု နေလိမ့်မယ် ။

သင့်အပေါ်တကယ်ချစတဲ့သူဆိုတာ သင့်ပါးစပ်က ငြိုငြင်တဲ့စကား တစ်ခွန်းလေးတောင် အသဲထိနာတယ် ။

သင်သိလား … မိန်းမကောင်းတစ်ယောက်ကို တန်ဖိုးမထားတတ်တဲ့သူတွေဟာ ဘယ်သောအခါမှ မိန်းမကောင်းနဲ့  ဆုံဆည်းရမှာ မဟုတ်ဖူး ဆိုတာလေ ။

လောကကြီးမှာ ယောက်ျားမိန်းမပေါတယ် အချစ်ဆိုတာ ရင်ခွင်ပြောင်းလိုက်ရင်ရတယ် တကယ်မရနိင်တာ ကိုယ့်အပေါ်သစ္စာရှိရှိနဲ့  ဘဝအမှန်ကို လက်ခံပြီး ချစ်ပေးတဲ့သူသာ တစ်ထောင်မှာ တစ်ယောက်မရှိဘူး ။

ချစ်ပါ ချစ်လို့ အူတိုတာထက် အပြစ်တစ်ခုလို မထောက်ထားပါနဲ့ မိန်းမကောင်းကို ပိုင်ဆိုင်ထားရင် တန်ဖိုးထားတတ်ကြပါစေ ။

ချစ်ခြင်းများစွာဖြင့်… မူရင်းရေးသားသူအား လေးစားစွာဖြင့်ခွက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.