“အရွယ်နှင့်မလိုက်အောင် ဘုရားရှိခိုးတတ်နေတဲ့ သားလေး Liamလေးကို ကြည့်ပြီး အသည်းတွေယားနေတဲ့ ဘိုးဘိုးလွင်မိုးရဲ့ ဗီဒီယိုဖိုင်”

Posted on

ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးလွင်မိုးကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါမယ်။ လွင်မိုးကတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရပ်နားထားပြီး အပြင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေလျက်ရှိပါတယ်။ လွင်မိုးဟာဆိုရင် ဇနီးချောလေးနဲ့ သမီးနှစ်ယောက်တို့နဲ့အတူ သာယာတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

လွင်မိုးက သမီးအကြီးဆုံးက မွေးဖွားတဲ့ သားလေးကို သည်းသည်းလှုပ်ကာ ချစ်နေလျက်ရှိပါတယ်။ မြေးလေးLiamက အရွယ်နှင့်မလိုက်အောင် အရမ်းတွေလည်လွန်းတာကြောင့် တနေ့တစ်ခြားပိုပိုချစ်မဝဖြစ်နေတာပါပဲနော်။ လွင်မိုးကတော့ မြေးလေးLiamရဲ့ ဘုရားကန်တော့တတ်နေတာလေးကို သဘောကျကာ ဗီဒီယိုလေးရိုက်ထားတာလေးကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် Liamလေးရဲ့ ဘုရားကန်တော့နေတဲ့ဗီဒီယိုလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure….Lwin Moe’s Myday
zawgyi


Soure….Lwin Moe’s Myday
joez

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.