အရွယ်ငယ်သလောက် သြချရလောက်တဲ့ အသံစွမ်းရည်ကို မက်ဆေ့သီချင်းနဲ့ ထုတ်ပြလိုက်တဲ့ ထိပ်ထားသခင်

ပရိသတ်ရဲ့အချစ်တော် အသည်းလေး ထိပ်ထားသခင်ကတော့ ပရိသတ်တွေကို မရိုးနိုင်အောင် ဖျော်ဖြေတင်ဆက်နေတာပါ။ စကားတတ်လွန်းတဲ့ သူမရဲ့ အမူအရာလေးတွေကြောင့် ချစ်ခင်အားပေးသူတွေ ပေါများလာခဲ့တဲ့ ထိပ်ထားလေးဟာ ရုပ်ရှင်ကားတွေ၊ ကြော်ငြာတွေမှာပါ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရရှိနေပြီဖြစ်ပါတယ်။

ဖွေးဖွေးအငယ်စားလေးလို့ဆိုရလောက်အောင်လည်း ဖွေးဖွေးရဲ့ငယ်စဉ်ဘဝက ပုံတွေနဲ့ ထိပ်ထားသခင်တစ်ယောက် တူနေခဲ့ပါသေးတယ်။ သူမရဲ့ အိုင်ဒေါလည်းဖြစ်တဲ့ ဖွေးဖွေးလိုပဲ ရုပ်ရှင်မင်းသမီးဖြစ်အောင် ထိပ်ထားလေးကလည်း ကြိုးစားလျက်ရှိနေတာကိုတွေ့ရပါတယ်။

ထိပ်ထားလေးကတော့ တေးဆို ဂျူဝယ်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Message ဆိုတဲ့သီချင်းလေးကို အသံအားကောင်းကောင်းနဲ့ သီဆိုပြထားတဲ့ ဗီဒီယိုလေးတစ်ခုကို သူမသုံးစွဲနေတဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ဝေမျှလာခဲ့တာပါ။ ငယ်ရွယ်သေးပေမယ့် အသံနေအသံထားကို သြချရလောက်အောင် ဆိုပြသွားနိုင်တဲ့ ထိပ်ထားသခင်ရဲ့ Message သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

Videos-ထိပ်ထားသခင်,We Love Cele

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.