အရမ်းကြိုက်တဲ့မင်းသမီး ဖွေးဖွေးနဲ့တွဲပြီး ရုပ်ရှင်ရိုက်ရမှာမို့ ရင်ခုန်နေတယ်ဆိုတဲ့ မအေးသောင်း

Posted on

အနုပညာလောကမှာ ခြေချလာတာ ကြာပြီဖြစ်တဲ့ မင်းသမီး အေးဝတ်ရည်သောင်း ကတော့ အနုပညာလောကထဲမှာ အတော်အတန်ကြာ ပျောက်သွားခဲ့ပြီး လက်ရှိချိန်မှာတော့ အနုပညာလုပ်ငန်းတွေ ပြန်လုပ်နေပြီး ပရိသတ်တွေကြားမှာ ပြန်လည်အောင်မြင်နေတာ ဖြစ်ပါတယ်။ မအေးသောင်းလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ အေးဝတ်ရည်သောင်းကတော့ သိပ်မကြာခင်မှာ နာမည်ကြီးမင်းသမီးတယောက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ ရုပ်ရှင်ရိုက်ဖို့ ရှိနေပြီး ဒီဇာတ်ကားအတွက် ရင်ခုန်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

ဖွေးဖွေးနဲ့ ရိုက်ကူးမယ့် ဇာတ်ကားနဲ့ ပတ်သက်ပြီး “ရင်ခုန်ပါတယ်။ ပေါက်စီက ဖွေးကို အရမ်းကြိုက်တာဆိုတော့လေ။ ပျော်လည်းပျော်တယ်။ ဇာတ်လိုက်ကလည်း တော်ပြီးသားဖြစ်တဲ့အတွက်ကြောင့် စိတ်ဝင်စားတယ်။ ဒီတခေါက်လုပ်ရမယ့် သူတွေကလည်း အားလုံးနဲ့ လက်တွဲလုပ်လို့ရမယ်လို့ ထင်ပါတယ်။ သူနဲ့ ဆုံတာများပါတယ်။ ဇာတ်ကားထဲမှာတော့။

ဖွေးဖွေးကို သဘောကျသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး “ဖွေးက သူ့အလုပ်မှာ သူအာရုံစိုက်တယ်။ ကျန်တဲ့သူတွေကို သိပ်စိတ်မဝင်စားဘူး။ သူအကောင်းဆုံးဖြစ်ဖို့ အရင်ဆုံးပြင်ဆင်တယ်။ ပေါက်စီ ကလည်း ဒီလိုပဲ စဉ်းစားတတ်တဲ့သူဆိုတော့လေ။ တချို့ကျတော့လည်း ကိုယ်ဘယ်လိုဖြစ်နေလဲ သူဘယ်လိုဝတ်ထားလဲဆိုတာကို စိတ်ဝင်စားကြတဲ့သူတွေ ရှိကြသလို ဖွေးကကျတော့ ကိုယ့်ကာရိုက်တာပေါ်ကိုပဲ စိတ်ဝင်စားပြီး အလေးထားပြီး လုပ်တာကတော့ ပေါက်စီ သူ့ကို ကြိုက်တဲ့အချက်တွေပါ ။

ဘယ်လိုဇာတ်လမ်းလေး ဖြစ်မလဲဆိုတာကိုတော့ “ဒရာမာလေးပေါ့။ ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ ကိုပေါက်ရဲ့ ဇာတ်လေးလည်း ဖြစ်တယ်။ အတွဲလေးတွေကလည်း ဆန်းတယ်။ မနှစ်ကတည်းက ဒီကားရိုက်မယ်လို့ စီစဉ်နေတာပါ။ ဇာတ်လမ်းလေးရော ကာရိုက်တာရော စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်ကောင်ကတော့ ကလေးနှစ်ယောက်ရဲ့ အမေပေါ့နော်။ ကျန်တာတွေတော့ သိပ်ပြီးတော့ မပြောချင်သေးပါဘူး” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

Can’t wait to say

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.