” အရမ်းမြင်ချင်ခဲ့တဲ့ တူမလေးမွေးဖွားခဲ့ပြီဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားကာပျော်ရွှင်မိတယ်ဆိုတဲ့နေရဲ”

Posted on




Source: Nay Ye ‘sMy day

unicode

ပရိသတ်ကြီးရေ သဇင်ထူးမြင့်နဲ ့ နေရဲတို့နှစ်ယောက်ကတော့ ဇာတ်ပို့ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သားသမီးတွေဖြစ်ပါတယ်။ နေရဲကတော့ အခုဆိုရင်ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေပြီဖြစ်တာတွေ့ရပါတယ်။

သရုပ်ဆောင်တစ်ယောက် အဖြစ် ရပ်တည်နေပေမယ့် အဆိုပိုင်းကိုလည်း ဝါသနာပါတဲ့နေရဲကတော့ အဖေဖြစ်သူ ခင်လှိုင်ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ချိုးရုပ်ဇာတ်ကားကြီးမှာလည်း ဇာတ်ဝင်သီချင်းကို နေရဲသီဆို ခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မိန်းကလေးပရိသတ်တွေမက ယောကျာ်းလေးပရိသတ်တွေရဲ့အားပေးဝန်းရံခံရသူပါ။

လက်ရှိမှာလည်း နေရဲကတော့ မန္တလေးကို ရောက်ရှိနေတာဖြစ်ပြီး သူ့ရဲ့ချစ်စရာတူမလေး နောက်တစ်ယောက်ကိုရရှိခဲ့တာကြောင့်အရမ်းကိုစိတ်လှုပ်ရှားကာ ပျော်ရွှင်မိကြောင်း တူမလေးပုံလေးကို သူ့ရဲ့ လူမှု့ကွန်ရက်စာမျက်နှာ My dayမှာ ဖော်ပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Nay Ye ‘sMy day

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.