အရမ်းမိုက်တဲ့ Body မျိုးကို ပိုင်ဆိုင်ထားကြတဲ့ ပရိသတ်အချစ်တော် မြန်မာအမျိုးသားဆယ်လီ (၇)ဦး

မြန်မာမင်းသားတွေထဲမှာလည်း Body အရမ်းမိုက်တဲ့ မင်းသားတွေရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ မြန်မာမင်းသားတွေကလည်း body ကျန်းမာကြံ့ခိုင်လှပဖို့ အလေးပေးလုပ်လာတာကို တွေ့ရပါတယ်။ ယောက်ျားပီသပြီး ခပ်မိုက်မိုက် body ကို ပိုင်ဆိုင်ထားတဲ့ မင်းသားတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကမှ လက်လှမ်းမီသလောက် ဖော်ပြပေးချင်ပါတယ်။body မိုက်တဲ့ မြန်မာမင်းသားတွေကတော့…

(၇) ခါရာ

Dimension ဆိုတဲ့ ဇာတ်ကားထဲက မင်းသား၊မော်ဒယ် ခါရာကို ပရိသတ်ကြီးမှတ်မိအုံးမှာပါ။ရုပ်ရည်၊အရပ်အေ မာင်းနဲ့ Body အချိုးအစားပါ မိုက်တဲ့ မြန်မာမင်းသားမော်ဒယ်တွေ ထဲမှာ ခါရာကလည်း တစ်ယောက်အပါအ၀င်ပါ။

(၆) ထူးအောင်

“ဇွတ်ကျား” ရုပ်ရှင်ကားနဲ့ ပရိသတ်တွေကြားမှာ ပိုပြီးနာမည်ကြီးလာတဲ့ မင်းသားချော ထူးအောင် ကလည်း body အရမ်းမိုက်တဲ့ မင်းသားချော တစ်ယောက်ပါ။ အရပ်ရှည်၊ Body ကလည်း ခပ်မိုက်မိုက်ဆိုတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပြီး အရမ်းမိုက်တဲ့ မော်ဒယ်မင်းသားတစ်ယောက်ပါ။

(၅)ပိုင်တံခွန်

နောက်ထပ်တစ်ယောက်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံခြင်းကို ခံထားရတဲ့ မော်ဒယ် မင်းသားချော ပိုင်တံခွန်ပါ။ အရပ်ကလည်း ရှည်သလို အရမ်းမိုက်တဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။

(၄)တိုင်ရွန်

တိုင်ရွန်ကလည်း Body fitness ကို ဂရုစိုက်တဲ့ မော်ဒယ်မင်းသားတွေထဲက တစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ တိုင်ရွန်တစ်ယောက် Body ကျန်းမာကြံ့ခိုင်ရေးကို ဂရုစိုက်လာတာကို တွေ့ရပါတယ်။ အရင်ကထက်လည်း body သိသိ သာသာပိုမိုက်လာပါတယ်။

(၃)ဥက္ကာမင်းမောင်

နောက်တစ်ယောက်ကတော့ မင်းသားချော ဥက္ကာမင်းမောင်ပါ။ ဥက္ကာမင်းမောင်ဟာ အနုပညာလောကနေ ခေတ္တထွက် ခွာပြီးနောက် တကျော့ပြန်လည်ဝင်ရောက်လာသူပါ။ ပြန်လည်ဝင်ရောက်လာချိန်မှာတော့ အရင် ဥက္ကာမင်းမောင်နဲ့ လုံးဝမတူကွဲပြားတဲ့ ဥက္ကာမင်းမောင် အသစ်တစ်ယောက်အနေနဲ့ ပြန်ရောက်လာခဲ့သူပါ။

(၂)အောင်ရဲလင်း

Body မိုက်တဲ့ မင်းသားလို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက သေချာပေါက် သူ့ကိုပဲပြေးမြင်မိတဲ့ မင်းသားပါ။ သီချင်းတွေထဲမှာတော့ အောင်ရဲလင်းလို body မျိုးဆိုပြီး စံထားစပ်ဆိုခြင်းကိုခံရတဲ့ မင်းသားတစ်ယောက်ပါ။

(၁)နိုင်နိုင်း

Body မိုက်တဲ့ မြန်မာမင်းသားဆိုတာနဲ့ ပရိသတ်တွေ အရင်ဆုံး ပြေးမြင်မိမှာ သေချာတဲ့ နောက်ထပ် မင်းသားတစ်ယောက်ကတော့ နိုင်နိုင်းပါ။ စမတ်ကျကျလည်း အမြဲဝတ်စားတတ်သလို တကယ့်ကို အရမ်းအရမ်းကိုမိုက်တဲ့ အရပ်အမောင်းနဲ့ body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ အိမ်ထောင်သည်ဖြစ်တဲ့တိုင်အောင် မိန်းကလေး ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အ၀ရရှိထားတဲ့ မင်းသားတစ်ယောက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.