အရမ်းချစ်ဖို့ကောင်းတဲ့ သမီးလေးရဲ့ ပုံလေးတွေကို ထုတ်ပြလာတဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ (၁၄) ရက်နေ့ နေ့လည် (၁၂) နာရီ (၄၅) မိနစ် အချိန် ပန်းလှိုင်ဆေးရုံမှာ သမီးဦးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး သမီးလေး Treasure က ၆ ပေါင်နဲ့ ၇ အောင်စ ရှိတယ်လို့ သိရပါတယ်။

စန္ဒီမြင့်လွင်က ဆေးရုံတက်နေချိန်မှာ လူမှုကွန်ယက်ပေါ်မှာ သမီးလေးရဲ့ပုံလေးများကို မတင်ခဲ့ပေမယ့် သူမရဲ့ IG မှာတော့ သမီးလေး ပုံလေးကို တင်ထားတာ တွေ့ရပါတယ်။ အပြင်လောကကို ရောက်ရှိလာပြီဖြစ်တဲ့ သမီးလေးဟာ အခုဆိုရင် (၆) ရက်ရှိပြီဖြစ်ပြီး သမီးလေးက တနေ့တခြား ချစ်ဖို့အရမ်းကောင်းလာခဲ့ပါတယ်။ ပရိသတ်များစွာက သမီးလေးရဲ့နှုတ်ခမ်းက ဒီးဒီးနဲ့တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

မိသားစုဝင်အသစ်လေးကို ရရှိခဲ့ကြတာကြောင့် ခင်ပွန်းသည်နဲ့ အဘွား၊ တီလေးတို့တစ်သိုက်က ချစ်မ၀ဖြစ်နေကြပြီး လက်ပေါ်ကနေတောင် မချဖြစ်နေကြပါတယ်။ သမီးလေးက တုတ်တုတ်လေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းတာကြောင့် ပရိသတ်များကပါ ပုံလေးတွေကြည့်ပြီး ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

Source : Sandy Myint Lwin IG

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.