အရပ်​မြင့်​လွန်းတဲ့ နိုင်​ငံခြား​မော်​ဒယ်​​တွေ​ကြောင့်​ ပွဲခင်းအလယ်​မှာ အံ့သြ တစ်​ကြီး ဖြစ်​ခဲ့ရတဲ့ သင်​ဇာနဲ့ ဟန်​တီ

Posted on

မင်းသမီး​ချော​လေး သင်​ဇာဝင့်​​ကျော်​က​တော့ လှပတဲ့ရုပ်​ရည်​နဲ့ ချစ်​စရာ​ကောင်းတဲ့ စိတ်​ထားကို ပိုင်​ဆိုင်​ထားသူ​လေးပါ။ သင်​ဇာ​လေးက​တော့ လတ်​တ​လောမှာ ရန်ကုန်မြို့ Wyndham Grand Hotel Yangon Royal Lake မှာကျင်းပခဲ့တဲ့ Gold AYA Motors Brand နဲ့ ကားမော်ဒယ်သစ် Q35 အားကြေညာခြင်းအခမ်းအနားကို အမိုက်​စား ဖက်​ရှင်​နဲ့ ပွဲတက်​လာတဲ့ သူမရဲ့ပုံရိပ်​​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ ပွဲတက်​ရင်း မယုံနိုင်​​လောက်​​အောင်​ အရပ်​မြင့်​လွန်းတဲ့ ​မော်​ဒယ်​​တွေ​ကြောင့်​ သင်​ဇာတစ်​​ယောက်​ အံ့အားသင့်​ခဲ့ရတာပဲ ဖြစ်​ပါတယ်​။

အဆိုပါပွဲမှာ​တော့ နိုင်​ငံတကာမှာ လှည့်​ပတ်​ယှဉ်​ပြိုင်​ခဲ့ဖူးတဲ့ အလှမယ်​ ဟန်​တီလည်း တက်​​ရောက်​ခဲ့တာ ​တွေ့ရပါတယ်​။ ဟန်​တီက​တော့ သူမတို့နဲ့ မတူပဲ ထူးခြား​နေတဲ့ ​မော်​ဒယ်​​တွေကို အရမ်းသ​ဘောကျ​နေတာပါ​နော်​။

ချစ်ပရိသတ်ေ​​တွအတွက် ​​မော့ကြည့်​ရ​လောက်​​တဲ့ အရပ်​​တွေကို ပိုင်​ဆိုင်​ထားတဲ့ ​မော်​ဒယ်​​တွေ​ကြောင့်​ အံ့အားသင့်​ခဲ့ရတဲ့ သင်​ဇာဝင့်​​ကျော်​နဲ့ ဟန်​တီတို့ရဲ့အ​ကြောင်းကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။

ဟန်​တီ​ရော သင်​ဇာပါ ​သေး​သေး​လေး ဖြစ်​သွားတာ​နော်

အမိုက်​စားဖက်​ရှင်​​လေးနဲ့ ညို့အားပြင်းလွန်း​နေတဲ့ သင်​ဇာဝင့်​​ကျော်​က​တော့ လက်​ရှိမှာ ရုပ်​ရှင်​ဇာတ်​ကားကြီး​တွေ ဆက်​တိုက်​ ရိုက်​ကူးဖြစ်​​နေပြီး တစ်​ခြား​သောအနုပညာအလုပ်​​တွေလည်း လုပ်​ဖြစ်​​နေတယ်​လို့ သိရပါတယ်​။ ခရီးသွားရတာကို ဝါသနာပါတဲ့ သင်​ဇာ​လေးက​တော့ မကြာခဏဆိုသလို ပြည်​တွင်း၊ ပြည်​ပခရီး​တွေ ထွက်​​လေ့ရှိပါတယ်​။ ချစ်​ပရိသတ်​​တွေလည်း သင်​ဇာတို့ ဟန်​တီတို့က အရပ်​ပု​နေတာမဟုတ်​ပဲ နိုင်​ငံခြား​မော်​ဒယ်​​တွေကသာ အလွန့်​အလွန်​ ရှည်​​နေတာ ဖြစ်တဲ့အ​ကြောင်း အချင်းချင်း ​ဝေမျှလိုက်​ကြဖို့မ​မေ့ပါနဲ့​နော်​။

Source:Thinzar Wint Kyaw& Hanthi ‘s facebook
ခရက်ဒစ် momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.