အရင်ကထက် ပိုပိန်သွားပြီး ပိုလှလာတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးများ

အနုပညာလောကမှာ နှစ်အတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်က တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။

သင်ဇာဝင့်ကျော်ရဲ့ အလန်းစားဖက်ရှင်တွေကလည်း ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့ အရာတစ်ခုဖြစ်ပြီး အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အနုပညာလောကမှာတော့ ဘုရင်မတစ်ပါးလို ထွန်းတောက်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ သင်ဇာဝင့်ကျော်က သူမရဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးထားပါတယ်။ ထိုပုံတွေမှာ သင်ဇာဝင့်ကျော်တစ်ယောက် အရင်ကထက် ပိန်ပြီး ပိုလှလာတာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော် အခုလို ပိန်သွားတာက သူမအနေနဲ့ လေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပြီး ဝိတ်လျှော့တဲ့ အစားအစာတွေကိုသာ စားသုံးနေခဲ့လို့ ဖြစ်ပါတယ်။ သင်ဇာကတော့ သူမဖြစ်ချင်တဲ့ ခန္ဓာကိုယ်လေးကို မရရအောင် ကြိုးစားခဲ့လို့ အခုလို ပိန်သွားပြီး ပိုလှလာတာပဲ ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က လွန်ခဲ့တဲ့ ရက်ပိုင်းက ချစ်သူနဲ့ လမ်းခွဲခဲ့လို့ ပရိသတ်တွေက သူမဝမ်းနည်းနေမယ် ထင်ပေမယ့်လည်း သင်ဇာကတော့ သူမလုပ်စရာရှိတတဲ့ အလုပ်တွေကို အေးအေးဆေးဆေးနဲ့ အကောင်းဆုံးသာ လုပ်ဆောင်နေလျက်ရှိပါတယ်။

သင်ဇာကတော့ အခုလို လုံလုံခြုံခြုံ ဖက်ရှင်လေးနဲ့လည်း ချစ်စရာကောင်းပြီး အလှကြီးလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.