အရက်မူးရာကနေ အခန်းဖော်အား ပစ္စည်း ဖြတ်ပစ်ဖို့ ပိုက်ဆံပေးစေခိုင်းတဲ့အမျိုးသား




 

 





 

unicode

ဗြိတိန်အမျိုးသားတစ်ဦးဟာ သူနဲ့တိုက်ခန်းတစ်ခုတည်းမှာ နေထိုင်တဲ့ နောက်တစ်ယောက်အား ပစ္စည်း ဖြတ်တောက်နိုင်ရင် ပေါင် ၁၇၀ ပေးမည်ဖြစ်ပြီး ဒီကိစ္စ နာမည်ကြီးသွားရင် ပိုပေးမယ်ဆိုပြီး အလောင်းအစားလုပ် စေခိုင်းခဲ့တာဖြစ်တယ်။

အသက် ၃၃ နှစ်အရွယ် အင်္ဂလိပ်စာပြ ဆရာတစ်ဦးဟာ သူနေထိုင်ရာ စပိန်နိုင်ငံ မြောက်ပိုင်းရှိ Zaragoza မြို့က တိုက်ခန်းမှာ သွေးအလိမ်းလိမ်းနဲ့ ရှိနေခဲ့တယ်လို့ ရဲဝန်ထမ်းတွေရဲ့ အဆိုအရသိရပါတယ်။

သူ့ရဲ့ တိုက်ခန်းထဲကို ဝင်ရောက်စစ်ဆေးပြီး သွေးစီးကြောင်းတစ်လျှောက် လိုက်လံရှာဖွေရာကနေ ပြတ်တောက်နေတဲ့ ပစ္စည်းအား အိတ်တစ်အိတ် ထဲမှာ ထည့်ထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံမီဒီယာတွေရဲ့ သတင်းထုတ်ပြန်ချက်အရတော့ သူ့ရဲပစ္စည်းအားပြန်လည် ချုပ်/တပ်/ခွဲစိတ်တာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

စေခိုင်းခဲ့တဲ့ ဗြိတိန်အမျိုးသားကိုတော့ ရဲဌာနမှာ ထိန်းသိမ်းထားပေမယ့် ခံရသူဘက်က တရားစွဲဆိုလိုခြင်းမရှိတဲ့အပြင် ပြစ်မှုအတွက် အပြဒဏ်ငွေသာပေးဆောင်ဖို့ အထိ သက်ညှာလျှော့ပေါ့ပေးဖို့ တောင်းဆိုပေးခဲ့ပါတယ်။

စစ်ဆေးစုံစမ်းမှုတွေအရ သူတို့နှစ်ဦးဟာ အရက်သေစာသောက်စားထားကာ ဒီလို အူယားစရာ လုပ်ရပ်ကို လုပ်ဖို့ ပိုက်ဆံပေးပြီး ခိုင်းသူကလည်း ခိုင်း၊ တကယ်လုပ်တဲ့ သူကလည်း လုပ်နဲ့ အတိုင်အဖောက်ညီနေခဲ့တာပါ။ ဒါအပြင့် ဗြိတိန်နိုင်ငံသားဟာ အဲ့ဖြစ်စဉ်ကို ဗွီဒီယိုရိုက်ကူးခဲ့ပြီး အွန်လိုင်းပေါ်တင်ဖို့ စီစဉ်ခဲ့ကာ တကယ်လို့ အဆိုပါ ဗွီဒီယို နာမည်ကြီးသွားရင် ပေါင် ၂၀၀၀၀ ကနေ ၄၀၀၀၀ ထိ ပေးမယ်ဆိုပြီး မြှားခဲ့တာပါ။ အခုတော့ အဆိုပါ ဖိုင်ကို ရဲဌာနက ဖျက်သိမ်းလိုက်ပြီလို့ ဆိုပါတယ်။

ကျူးလွန်သူအမျိုးသားကိုတော့ လက်ရှိမှာ ဖမ်းဆီးထားပြီး သူ့ရဲ့ ပြစ်မှုအတွက်တော့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြစ်ဒဏ်ချမှတ်ခံရမှာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.