အမွှာလေးတွေ ကို ချစ်လားလို့မေးလိုက်တဲ့ ခြူးလေး

Posted on

MRTV 4 မင်းသမီးလေးလို့ လူသိများတဲ့ နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ခြူးလေး ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သူလေးပါ။ သူမသရုပ်ဆောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းများစွာ လည်းရှိတာကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ခြူးလေး ရဲ့ ပုံစံနှစ်မျိုးနဲ့ ပုံရိပ်ကလေး တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးက ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်၊ သက်မွန်မြင့်၊ တို့နဲ့ အတူ သရုပ်ဆောင်ထားပြီး ကြယ်ကြွေချိန်မှာ နင်နဲ့ငါ ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် အလင်းရောင် တို့နဲ့ အတူ ရိုက်ကူးထားပါတယ် ။ခြူးလေးရဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း မကြာခင် ကြည့်ရတော့မှာပါ။သူမသရုပ်ဆောင်ထားတဲ့ ချစ်ရပါသောနွေ ဇာတ်လမ်းတွဲလေးကလည်း ပရိသတ်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။

ခြူးလေး က ဒီတစ်ခါမှာတော့ သူမရဲ့ သီလရှင်ထွက် ကတုံး ဆံပင်ပေါင်ပုံရိပ်ကလေးနဲ့ ဆံပင်အရှည်လေးနဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ခြူးလေး က ” အမွှာလေးတွေ ကို ချစ်လား ” ဆိုပြီး သူမရဲ့ ပုံစံနှစ်မျိုးနဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြထားပါတယ်။

ခြူးလေး က ဆံပင်အရှည်လေးနဲ့ လှသလို ကတုံးဆံပင်ပေါက်လေးနဲ့လည်း လိုက်ဖက်သူပါ။

သရုပ်ဆောင် ခြူးလေးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေဘောကျလိမ့်မယ် ထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;chue lay
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.