အမှန်တရားကို ကူညီဖုံးအုပ်ထားသူတွေကို စကားပြင်းပြင်း ဆိုလိုက်တဲ့ ချမ်းချမ်း

သမီးရှင် မေမေတွေ မျက်ခုံးလှုပ်ရတဲ့ ကာလ ၊ သွေးပျက်ရတဲ့ကာလလို့ဆိုရမလားပါဘဲ။ လတ်တလောမှာ လူမှုကွန်ရက်အသုံးပြုသူတွေပေါက်ကွဲနေကြတဲ့ သက်ငယ်မုဒိန်းကိစ္စတွေ နဲ့ပတ်သက်ပြီး ထပ်မံစကားဆိုလိုက်သူက နိုင်ငံကျော်တေးသံရှင် ချမ်းချမ်း ဖြစ်ပါတယ်။

ချမ်းချမ်းကတော့ ချစ်စရာကောင်းလှတဲ့ သမီးလေး မြမိုးဂင်္ဂါ ကို ပြုစုစောင့်ရှောက်နေသူလည်းဖြစ်တာကြောင့် လတ်တလောဖြစ်ပွားနေတဲ့ သက်ငယ်မုဒိန်းမှုတွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်လာသူတွေ ၊ victoria ရဲ့ ကိစ္စမှာ နောက်ကွယ်ကနေ အဖြစ်မှန်ကို ဖုံးကွယ်ပေးနေသူတွေ အတွက် ပြင်းထန်တဲ့စကားတွေကို ဆိုလိုက်ပါတယ်။ ဒီစကားတွေက လက်ရှိမှာ victoria လေးရဲ့ ကိစ္စ အပါအဝင် သက်ငယ်မုဒိန်းသမားတွေကို ကူညီပေးနေတဲ့ လူတစ်စုရဲ့ ရင်ကို ကောင်းကောင်းထိမှန်စေမှာသေချာပါတယ်။

ချမ်းချမ်းက “သားသမီးချင်းကိုယ်​ချင်းမစာတဲ့သူ​တွေကို​မေးလိုက်​ချင်​တယ်​..ရာထူးတို့ ​ငွေ​ကြေး​ကြောင့်​အမှန်​တရားကိုဖုးံအုပ်​​ပေးထားကြမယ်​ဆိုရင်​…ကိုယ့်​သမီး​လေးသာအဲ့လိုဖြစ်​ရင်​ တရားရင်​မဆိုင်​ပဲနဲ့ တသက်​လုးံအိမ်​ထဲမှာပဲ ဖုးံ​ပေးထားကြ​နော်​..သိလား..ခံစားချက်​ကိုပိုက်​ဆံနဲ့ လူမဆန်​စွာ​ဖြေရှင်​မယ်​ဆိုရင်​ အမှန်​တရားဆိုတာဒီလိုနဲ့ပဲ​မှေးမိန်​သွားမှာပဲ…​လေါကကြီးကတအားပျက်​စီးလာပြီ..ဘယ်​​နေရာကိုပဲကြည့်​ကြည့်​ မ​ကောင်းတာလုပ်​တဲ့သူ​တေကအ​ပေါ်စီး​နေရာရကြတယိ…မသိသလိုဟန်​​ဆောင်​​နေကြတယ်​.အခုအချိနိကစလို့ဘုရားမှာတခုတည်းဆု​တောင်း​တော့တယ်​..မတရားမှု​တေကိုမှန်​ကန်​​အောင်ေ​ဖာ်​ထုတ်​တတ်​မယ့်​တရားဘက်​​တော်​သား​တွေပိုများလာပါ​စေလို့ရယ်​..လူ​တွေကိုယ်​ချင်းစာတရား​တေပိုရှိလာပါ​စေလို့ပဲဆု​တောင်းမိတယ်​…စိတ်​မ​ကောင်းပါဘူး.သမီး​လေး victoria .​ရေ..” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။ သမီးရှင် မိဘများလည်း ချမ်းချမ်း ရဲ့ စကားလေးအပေါ် မှတ်ချက်လေးတွေ ပေးခဲ့ဖို့ မမေ့နဲ့နော်။

Source – Chan Nyein
No No May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.