အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို အမိုက်စား သီဆိုတတ်တဲ့ အဆိုတော် မလေး ချမ်းချမ်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်းဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ချမ်းချမ်းက သူမအတွက် အမှတ်တရတွေ အများကြီးရှိတဲ့ နေ့လေးမှာ ရင်ထဲက ခံစားချက်တစ်ချို့ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ အိပ်ပျော်နေတဲ့ သမီးလေးကိုကြည့်ပြီး ဖွင့်ဟလာတဲ့ ချမ်းချမ်းရဲ့စကားသံတွေကတော့ ရင်ထဲကို ထိမှန်သွားစေပါတယ်နော်။
ချစ်ပရိသတ်တွေအတွက် အမှတ်တရနေ့လေးမှာ သမီးလေးကိုကြည့်ရင်း ရင်ဖွင့်လာတဲ့ ချမ်းချမ်းရဲ့စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ချမ်းချမ်းကတော့ ” အော်…သမီးလေးက ဘေးမှာအိပ်လို့…သူ့သူငယ်ချင်းမ အဖော်လေးတွေကိုကိုယ်အိပ်တဲ့ကုတင်ပေါ်ခေါ်သိပ်လို့ရလားတဲ့…မရဘူးလို့မပြောရက်ပါဘူးသမီးရယ်…အမေ့ဘဝထဲကနေ သမီးပျော်အောင်လို့ နေပျော်အောင် ဘယ်သူ့ကိုပဲ ခေါ်သိပ်သိပ်ပါ…အမေ့ဘဝမှာ ကိုယ်ပိုင်တဲ့ နေရာလေးပျောက်ပြီးကတည်းက ဘယ်လိုပဲနေရနေရဘပျော်အောင်နေတတ်နေပါပြီ….
သမီးကတော့သိမှာမဟုတ်ဘူး..မနေ့က မေမေ့ဘဝအတွက် အမှတ်တရတွေရော..ပျော်ရွှင်စရာတွေပါ ရှိဖူးခဲ့တဲ့…ဘုန်းကြီးကျောင်းမှာ မဂ်လာဆွမ်းကျွေးခဲ့တဲ့နေ့လေး…ဘာလိုလိုနဲ့ နှစ်တွေကုန်လာလိုက်တာ…အရာရာက ပျောက်လုနီးပေမဲ့ အမေတရေးမှအိပ်မပျော်ခဲ့ပါဘူး…အိပ်ရေးပဲ ဝ နေတာလား…အတွေးပဲ များနေတာလား….တခါတရံ ဘာလို့ များ ဘာကြောင့်များ….အတိတ်ကအတိတ်မှာနေနေခဲ့ပီမေးခွန်းတေမရှိသင့်တော့ဘူးလေ
တလောက အွန်စော သတင်းလေးကိုဖတ်မိတော့ ..စိတ်မကောင်းဘူး…သူပြောသလိုပါပဲ…ကျမ တသက်လုးံဆက်ချစ်သွားမှာပါ…ရွေးချယ်စရာမရှိတော့လို့ပါ….ဆိုတဲ့စကားလိုပဲပြတ်သားတယ်…နာကျင်ရတယ်…ဒါပေမဲ့ တခါတလေ ဘဝကကိုယ့်ကို မျက်နှာသာမပေးတဲ့အခါ အဆင်ပြေသလို နေလိုက်ကြ…ရှေ့ဆက်ကြရတာ ..ဘဝအစစ်တေပါ..
ရုပ်ရှင်မဟုတ်ဘူး..တကယ်ဆိုတာ…ကြုံဖူးတဲ့သူပဲ ယုံကြလိမ့်မယ်…အခုတော့ အတိတ်ကအတိတ်မှာနေခဲ့ပီ..ရှေ့ဆက်လျောက်မယ်…အနာဂတ်လေးတေလှမ်းမြင်ရမလားဆိုပြီးကြိုးစားလျောက်ဆဲပဲ..ဘယ်သူ့ကိုမှအပြစ်လဲမတင် မမြင်တော့ပါဘူး…သေချာတာက ကျမ လမ်းလျှောက် လာခဲ့တာ မိုးလင်းတော့မယ်..ညအမှောင်ကိုကျော်ပြီးရင် ရောင်နီလေးတော့လာအုးံမှာပါနော်” ဆိုပြီး ပြောထားတာပါ။
ချမ်းချမ်းကတော့ လတ်တလောမှာ သမီးလေးခေါ်ပြီး ပြည်တွင်း ပြည်ပ Showတွေ ဆက်တိုက်ဆို ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း သမီးလေးကိုကြည့်ပြီး အမှတ်တရနေ့လေးအကြောင်း ရင်ဖွင့်လာတဲ့ ချမ်းချမ်းရဲ့အကြောင်းကို အချင်းချင်း ဝေမျှသွားကြဖို့ မမေ့ပါနဲ့နော်။
Source;momolay