အမာခံပရိသတ်ရဲ့ ဝမ်းနည်းဖွယ်ရာနာရေးသတင်းကြောင့် မိသားစုဝင်တစ်ဦးဆုံးရှုံးလို က်ရသလို ခံစားကြေကွဲနေရှာတဲ့ အိချောပို

Posted on




Source: Ei Chaw Po’s fb

Unicode

စူစူလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး အိချောပိုကတော့ ရုပ်ရည်မှာရော၊ သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သူလေးတစ်ယောက် ဖြစ်ပါတယ်။ အနုပညာသက်တမ်း (၉) နှစ်ကျော်တိုင်ရှိလာခဲ့ပြီဖြစ်တဲ့ အိချောပိုက တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေရရှိလာပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိလာခဲ့သလို နာမည်ကြီးရုပ်ရှင်ဇာတ်ကားတော်တော်များများမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် နေရာယူထားနိုင်တာ တွေ့ရပါတယ်။ သရုပ်ဆောင်ကောင်းပေမယ့် အကယ်ဒမီဆုကြီးနဲ့ အကြိမ်ကြိမ်လွဲချော်နေတဲ့ အိချောပိုက ပရိသတ်တွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေကိုတော့ အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ အိချောပိုက သူမကိုယ်တိုင်လည်း ထမင်းရှင်ကျေးဇူးရှင်ပရိသတ်တွေကို မိသားစုသဖွယ် သဘောထားသူလေး ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း အိချောပိုက သူမကို အမာခံအားပေးတဲ့ ပရိသတ်ရဲ့ ဝမ်းနည်းစရာနာရေးသတင်းကြောင့် “ကိုယ့်အမာခံပရိတ်သတ်ဆိုတာ ကိုယ့်မိသားစုလိုပါပဲ။ ဘာစကားမှပြောမထွက်နိုင်တော့လို့ မမဇာရေ..ကောင်းရာမွန်ရာရောက်ပါစေ 🙏😥” ဆိုပြီး သူမအပေါ် အရမ်းချစ်ပြီး အားပေးတဲ့ ပရိသတ်အစ်မအတွက် ထပ်တူဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။

အိချောပိုကတော့ သူမကို အားပေးခဲ့တဲ့ အမာခံပရိသတ်ကို ဆုံးရှုံးလိုက်ရတာ မိသားစုဝင်တစ်ဦး ဆုံးရှုံးလိုက်ရသလို ခံစားနေရတာပဲ ဖြစ်ပါတယ်။ ကွယ်လွန်သူ အစ်မလည်း ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ညှိုးငယ်စွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Ei Chaw Po’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.