နိုင်ငံကျော် အဆိုတော် မင်းသမီး ချစ်သုဝေကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားသူ ချစ်သုဝေကတော့ အဆိုတော် လင်းလင်းန့ အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးအမွှာနှစ်ယောက်ရဲ့ မိခင်အနေနဲ့ရော အနုပညာအလုပ်တွေကိုပါ ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေသူပဲဖြစ်ပါတယ်နော်.။
ထရီဇာကတော့ သူမရဲ့ သမီးနှစ်ယောက်အတွက် အချိန်လေး ပေးဖြစ်သလို မိခင်ဖြစ်သူအတွက်ကိုလည်း အချိန်ပေးကာ ဂရုစိုက်ပေးနိုင်တဲ့သူပါ. ။ စက်တင်ဘာလ (၁၀)ရက်နေ့မှာကျရောက်တဲ့ မိခင်ဖြစ်သူ မွေးနေ့လေးကို အိမ်မှာပဲ မိသားစုဝင်တွေအားလုံးနဲ့အတူတူ ကျင်းပဖြစ်ခဲ့တဲ့ ပုံလေးတွေနဲ့အတူ သမီးအမွှာနှစ်ယောက်ကြောင့် ပြုံးပျော်နေရတဲ့ အဘွားဖြစ်သူ သူမရဲ့ မိခင်ရဲ့ ဗီဒီယိုဖိုင်လေးကို “Today is my Mommy ‘s day” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။
ပျော်စရာအပြည့်နဲ့ ပျော်ရွှင်နေကြတဲ့အချိန် ခေတ်နဲ့သစ်တို့ကတော့ မွေးနေ့ပွဲလေးကို ကျင်းပခွင့်ရလို့ ပျော်နေပုံလေးက ချစ်စရာလေးတွေပါပဲနော်..ပရိသတ်ကြီး.။ ပရိသတ်ကြီးအတွက်လည်း ထရီဇာတို့ မိသားစုရဲ့ ပျော်ရွှင်ဖွယ် မွေးနေ့ ကျင်းပနေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Source :Chit Thu Wai’s Facebook
zawgyi