အဖြဲ႕ဝင္အခ်င္းခ်င္းလိင္တူႀကိဳက္ႏွစ္သက္မႈေၾကာင့္ ဖ်က္သိမ္းခဲ့ရတဲ့ K-pop အဖြဲ႕

Posted on

လြန္ခဲ့တဲ့အႏွစ္ ၂၀ နီးပါးပတ္ဝန္းက်င္ ၂၀၀၁ ခုႏွစ္ ဇန္နဝါရီလေလာက္တုန္းက K’pop လို႔အမည္ရၿပီး အဖြဲ႕ဝင္ငါးေယာက္ပါဝင္တဲ့ အမ်ိဳးသားအဆိုေတာ္တစ္ဖြဲ႕ဟာ စတင္ပြဲဦးထြက္ခဲ့ပါတယ္။ ဒီအဖြဲ႕ထဲမွာပါဝင္ၾကတဲ့အဖြဲ႕ဝင္ေတြကေတာ့ Donghwa, Jumin, Youngwon, Yoobin နဲ႔ Woohyun တို႔ျဖစ္ၾကၿပီး သူတို႔ရဲ႕ပြဲဦးထြက္သီခ်င္းဟာဆိုရင္လည္း ထိုစဥ္အခ်ိန္တုန္းက ဟစ္သီခ်င္းတစ္ပုဒ္ျဖစ္ခဲ့ကာ အဖြဲ႕ကိုမဖ်က္သိမ္းခင္ ၂၀၀၄ ခုႏွစ္အထိ အယ္လ္ဘမ္ႏွစ္ခ်ပ္ကို ေအာင္ျမင္စြာထြက္ရွိႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ေနာက္ဆုံးအယ္လ္ဘမ္ျဖစ္တဲ့ “Memories” ကိုေတာ့ ၂၀၀၄ ခုႏွစ္၊ စက္တင္ဘာလမွာထြက္ရွိခဲ့တာျဖစ္ၿပီး အယ္လ္ဘမ္ထဲက “Scent of Money” သီခ်င္းဟာဆိုရင္လည္း လူႀကိဳက္အမ်ားဆုံးသီခ်င္း(၁၀)ပုဒ္ထဲမွာပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုမ်ိဳးေအာင္ျမင္မႈအရွိန္ေတြေကာင္းေနတဲ့အခ်ိန္မွာပဲ သူတို႔အဖြဲ႕ကိုဖ်က္သိမ္းလိုက္ၿပီဆိုတဲ့ သတင္းေတြဟာထြက္ေပၚလာခဲ့ၿပီး ဖ်က္သိမ္းရတဲ့အေၾကာင္းအရင္းဟာဆိုရင္လည္း ထိုစဥ္အခ်ိန္တုန္းက ကိုရီးယားလူမ်ိဳးပရိသတ္ေတြအၾကားမွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္ခဲ့တယ္လို႔ ဆိုပါတယ္။

အေၾကာင္းကေတာ့ အဖြဲ႕ထဲမွာလိင္တူႀကိဳက္တဲ့ အဖြဲ႕ဝင္ႏွစ္ေယာက္ပါဝင္ေနတာေၾကာင့္ျဖစ္တယ္ဆိုတာပါပဲ။ ထြက္ရွိလာခဲ့တဲ့သတင္းေတြအရဆိုရင္ေတာ့ အဆိုပါအဖြဲ႕ဝင္ႏွစ္ေယာက္ဟာ အခ်င္းခ်င္းခ်စ္ႀကိဳက္ေနၾကတာျဖစ္ၿပီး ႏွစ္ေယာက္ထဲကတစ္ေယာက္က တျခားအဖြဲ႕ကတစ္ေယာက္နဲ႔ ခိုးၿပီးခ်ိန္းေတြ႕တာကို ေနာက္ထပ္တစ္ေယာက္က သိသြားတာကေန အဖြဲ႕ကိုဖ်က္သိမ္းရတဲ့အေျခအေနေတြထိျဖစ္ခဲ့ရတာလို႔ သိရပါတယ္။

ဒီလိုမ်ိဳးအဖြဲ႕ဖ်က္သိမ္းလိုက္ရတဲ့ အေၾကာင္းအရင္းထြက္ေပၚလာတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြအေနနဲ႔ မယုံၾကည္ႏိုင္ျဖစ္ခဲ့ၾကရေပမယ့္ ဒီသတင္းေတြကို အတည္ျပဳျခင္းတစ္စုံတစ္ရာမရွိခဲ့ပါဘူး။ ဒီေန႔အခ်ိန္ထိလည္း K-pop ေလာကမွာ အလားတူျဖစ္ရပ္လိုမ်ိဳးမရွိတာကို ေတြ႕ရပါတယ္။ အဖြဲ႕ဝင္ငါးေယာက္ထဲက တစ္ေယာက္ျဖစ္တဲ့ Donghwa ကေတာ့ ၂၀၁၁ ခုႏွစ္မွာ သ႐ုပ္ေဆာင္ Kim Bum Suk အျဖစ္နဲ႔ အႏုပညာေလာကထဲကို ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး သူတို႔အဖြဲ႕ဖ်က္သိမ္းခဲ့ရတဲ့အေၾကာင္းအရင္းဟာ ထြက္ရွိခဲ့ဖူးတဲ့သတင္းေတြလိုမ်ိဳးမဟုတ္ပဲ ေအဂ်င္စီနဲ႔အဆင္ေျပမႈမရွိတဲ့အတြက္ေၾကာင့္သာျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။ သင္တို႔ေရာ သူတို႔အဖြဲ႕ဖ်က္သိမ္းခဲ့ရတဲ့အေၾကာင္းအရင္းနဲ႔ပတ္သတ္ၿပီး ဘယ္လိုမ်ားထင္ျမင္မိပါသလဲ။

Ref : Kpop News

Unicode

လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးပတ်ဝန်းကျင် ၂၀၀၁ ခုနှစ် ဇန်နဝါရီလလောက်တုန်းက K’pop လို့အမည်ရပြီး အဖွဲ့ဝင်ငါးယောက်ပါဝင်တဲ့ အမျိုးသားအဆိုတော်တစ်ဖွဲ့ဟာ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာပါဝင်ကြတဲ့အဖွဲ့ဝင်တွေကတော့ Donghwa, Jumin, Youngwon, Yoobin နဲ့ Woohyun တို့ဖြစ်ကြပြီး သူတို့ရဲ့ပွဲဦးထွက်သီချင်းဟာဆိုရင်လည်း ထိုစဉ်အချိန်တုန်းက ဟစ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ကာ အဖွဲ့ကိုမဖျက်သိမ်းခင် ၂၀၀၄ ခုနှစ်အထိ အယ်လ်ဘမ်နှစ်ချပ်ကို အောင်မြင်စွာထွက်ရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “Memories” ကိုတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာလမှာထွက်ရှိခဲ့တာဖြစ်ပြီး အယ်လ်ဘမ်ထဲက “Scent of Money” သီချင်းဟာဆိုရင်လည်း လူကြိုက်အများဆုံးသီချင်း(၁၀)ပုဒ်ထဲမှာပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုးအောင်မြင်မှုအရှိန်တွေကောင်းနေတဲ့အချိန်မှာပဲ သူတို့အဖွဲ့ကိုဖျက်သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေဟာထွက်ပေါ်လာခဲ့ပြီး ဖျက်သိမ်းရတဲ့အကြောင်းအရင်းဟာဆိုရင်လည်း ထိုစဉ်အချိန်တုန်းက ကိုရီးယားလူမျိုးပရိသတ်တွေအကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ အဖွဲ့ထဲမှာလိင်တူကြိုက်တဲ့ အဖွဲ့ဝင်နှစ်ယောက်ပါဝင်နေတာကြောင့်ဖြစ်တယ်ဆိုတာပါပဲ။ ထွက်ရှိလာခဲ့တဲ့သတင်းတွေအရဆိုရင်တော့ အဆိုပါအဖွဲ့ဝင်နှစ်ယောက်ဟာ အချင်းချင်းချစ်ကြိုက်နေကြတာဖြစ်ပြီး နှစ်ယောက်ထဲကတစ်ယောက်က တခြားအဖွဲ့ကတစ်ယောက်နဲ့ ခိုးပြီးချိန်းတွေ့တာကို နောက်ထပ်တစ်ယောက်က သိသွားတာကနေ အဖွဲ့ကိုဖျက်သိမ်းရတဲ့အခြေအနေတွေထိဖြစ်ခဲ့ရတာလို့ သိရပါတယ်။

ဒီလိုမျိုးအဖွဲ့ဖျက်သိမ်းလိုက်ရတဲ့ အကြောင်းအရင်းထွက်ပေါ်လာတဲ့အချိန်မှာတော့ ပရိသတ်တွေအနေနဲ့ မယုံကြည်နိုင်ဖြစ်ခဲ့ကြရပေမယ့် ဒီသတင်းတွေကို အတည်ပြုခြင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဒီနေ့အချိန်ထိလည်း K-pop လောကမှာ အလားတူဖြစ်ရပ်လိုမျိုးမရှိတာကို တွေ့ရပါတယ်။ အဖွဲ့ဝင်ငါးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ Donghwa ကတော့ ၂၀၁၁ ခုနှစ်မှာ သရုပ်ဆောင် Kim Bum Suk အဖြစ်နဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး သူတို့အဖွဲ့ဖျက်သိမ်းခဲ့ရတဲ့အကြောင်းအရင်းဟာ ထွက်ရှိခဲ့ဖူးတဲ့သတင်းတွေလိုမျိုးမဟုတ်ပဲ အေဂျင်စီနဲ့အဆင်ပြေမှုမရှိတဲ့အတွက်ကြောင့်သာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ သင်တို့ရော သူတို့အဖွဲ့ဖျက်သိမ်းခဲ့ရတဲ့အကြောင်းအရင်းနဲ့ပတ်သတ်ပြီး ဘယ်လိုများထင်မြင်မိပါသလဲ။

Ref : Kpop News

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.