အစပ္စားျခင္းဟာ ခႏၶာကိုယ္ အေလးခ်ိန္ကို ေလ်ာ့က်ေစႏိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရေပမယ့္ အခုေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ သုေတသနအရဆိုရင္ေတာ့ အစပ္ အလြန္အကြ ်ံစားျခင္းဟာ မွတ္ဉာဏ္ကို ခ်ိဳ႕ယြင္းေစၿပီး Dementia လို႔ေခၚတဲ့ ဦးေႏွာက္ ပ်က္စီးျခင္းအထိ ျဖစ္ေစႏိုင္တယ္လို႔ သိရပါတယ္။
ဒီသုေတသန ေလ့လာမႈဟာဆိုရင္ေတာ့ အခ်ိန္အတန္ၾကာယူၿပီး ေလ့လာမႈျပဳလုပ္ခဲ့တဲ့ Long Term Study တခုျဖစ္ၿပီး လူေပါင္း ၄,၅၀၀ ခန႔္ကို ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတခုလည္း ျဖစ္ပါတယ္။
လူေပါင္း ၄,၀၀၀ ေက်ာ္ကို ျပဳလုပ္ခဲ့တဲ့ ဒီေလ့လာမႈမွာဆိုရင္ေတာ့ တရက္ကို င႐ုတ္သီး (၅၀ ဂရမ္) စားသုံးသူေတြဟာ မစားသုံးသူေတြထက္ ဦးေႏွာက္ ပ်က္စီးႏိုင္ေျခ ႏွစ္ဆ ျမင့္တက္ေနၿပီး ေမ့ေလ်ာ့လြယ္ျခင္းနဲ႔ မွတ္ဉာဏ္ အားနည္းလာျခင္းတို႔ပါ ျဖစ္ေပၚေနေၾကာင္းကို ေလ့လာေတြရွိခဲ့ပါတယ္။
ဒီေလ့လာမႈအတြက္ င႐ုတ္သီးစားသုံးမႈမ်ားတဲ့ အာရွႏိုင္ငံဘက္ေတြမွာ အဓိကထား ျပဳလုပ္ခဲ့တာျဖစ္ၿပီး င႐ုတ္သီးစိမ္းျဖစ္ျဖစ္၊ င႐ုတ္သီးေျခာက္ျဖစ္ျဖစ္ အစပ္ အရသာရွိတဲ့ ဘယ္င႐ုတ္သီး အမ်ိဳးအစားမဆို အလြန္အကြၽံစားသုံးျခင္းက ဦးေႏွာက္ မွတ္ဉာဏ္ကို ထိခိုက္ေစႏိုင္တယ္လို႔ သိရပါတယ္။
င႐ုတ္သီးမွာပါဝင္တဲ့ Capsaicin ဆိုတဲ့ Chemical Compound တမ်ိဳးဟာ အနည္းအက်ဥ္းေလာက္ စားသုံးမယ္ဆိုရင္ အာ႐ုံေၾကာေတြကို လန္းဆန္းတက္ႂကြေစတာ မွန္ေပမယ့္ အလြန္အကြၽံ စားသုံးမယ္ဆိုရင္ေတာ့ ဦးေႏွာက္ကို ထိခိုက္ေစႏိုင္တယ္လို႔ ေလ့လာသူေတြက ဆိုပါတယ္။
ဒီေလ့လာမႈအရ ခႏၶာကိုယ္ပိန္ၿပီး အစပ္ႀကိဳက္သူေတြမွာဆိုရင္ ဦးေႏွာက္ ပ်က္စီးႏိုင္ေျခ ပိုမ်ားေၾကာင္း သိရပါတယ္။
“င႐ုတ္သီးလိုမ်ိဳး စပ္တဲ့အစားအစာေတြ စားသုံးျခင္းဟာ ခႏၶာကိုယ္အေလးခ်ိန္နဲ႔ ေသြးေပါင္ခ်ိန္အေပၚ သက္ေရာက္မႈရွိၿပီး ေကာင္းမြန္ေစႏိုင္တယ္လို႔ သိထားေပမယ့္ အခုေနာက္ဆုံး ေလ့လာခ်က္အရဆိုရင္ သတိျပဳရမယ့္ အရာတခု ျဖစ္လာေနပါၿပီ”
“င႐ုတ္ေကာင္းတို႔၊ င႐ုတ္ပြတို႔လို င႐ုတ္ အႏြယ္ဝင္ေတြက ဦးေႏွာက္ကို ဘာမွ မျဖစ္ေစေပမယ့္ င႐ုတ္သီးအစားမ်ားျခင္းကေတာ့ ဦးေႏွာက္ကို ပ်က္စီးတဲ့အထိ ျဖစ္ေစႏိုင္တာေၾကာင့္ အစပ္ႀကိဳက္သူေတြကို ဆင္ျခင္စားသုံးေစခ်င္ပါတယ္” လို႔ ေလ့လာမႈမွာပါဝင္တဲ့ ေဒါက္တာ Zumin Shi က ေျပာပါတယ္။
Credit Irrawaddy
Ref. www.thejarkartapost.com
Unicode
အပူအစပ် အလွန်အကျွံစားခြင်းက ဦးနှောက်ကို ပျက်စီးစေနိုင် …
အစပ်စားခြင်းဟာ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပေမယ့် အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ သုတေသနအရဆိုရင်တော့ အစပ် အလွန်အကွ ျံစားခြင်းဟာ မှတ်ဉာဏ်ကို ချို့ယွင်းစေပြီး Dementia လို့ခေါ်တဲ့ ဦးနှောက် ပျက်စီးခြင်းအထိ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ဒီသုတေသန လေ့လာမှုဟာဆိုရင်တော့ အချိန်အတန်ကြာယူပြီး လေ့လာမှုပြုလုပ်ခဲ့တဲ့ Long Term Study တခုဖြစ်ပြီး လူပေါင်း ၄,၅၀၀ ခန့်ကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတခုလည်း ဖြစ်ပါတယ်။
လူပေါင်း ၄,၀၀၀ ကျော်ကို ပြုလုပ်ခဲ့တဲ့ ဒီလေ့လာမှုမှာဆိုရင်တော့ တရက်ကို ငရုတ်သီး (၅၀ ဂရမ်) စားသုံးသူတွေဟာ မစားသုံးသူတွေထက် ဦးနှောက် ပျက်စီးနိုင်ခြေ နှစ်ဆ မြင့်တက်နေပြီး မေ့လျော့လွယ်ခြင်းနဲ့ မှတ်ဉာဏ် အားနည်းလာခြင်းတို့ပါ ဖြစ်ပေါ်နေကြောင်းကို လေ့လာတွေရှိခဲ့ပါတယ်။
ဒီလေ့လာမှုအတွက် ငရုတ်သီးစားသုံးမှုများတဲ့ အာရှနိုင်ငံဘက်တွေမှာ အဓိကထား ပြုလုပ်ခဲ့တာဖြစ်ပြီး ငရုတ်သီးစိမ်းဖြစ်ဖြစ်၊ ငရုတ်သီးခြောက်ဖြစ်ဖြစ် အစပ် အရသာရှိတဲ့ ဘယ်ငရုတ်သီး အမျိုးအစားမဆို အလွန်အကျွံစားသုံးခြင်းက ဦးနှောက် မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။
ငရုတ်သီးမှာပါဝင်တဲ့ Capsaicin ဆိုတဲ့ Chemical Compound တမျိုးဟာ အနည်းအကျဉ်းလောက် စားသုံးမယ်ဆိုရင် အာရုံကြောတွေကို လန်းဆန်းတက်ကြွစေတာ မှန်ပေမယ့် အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ ဦးနှောက်ကို ထိခိုက်စေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီလေ့လာမှုအရ ခန္ဓာကိုယ်ပိန်ပြီး အစပ်ကြိုက်သူတွေမှာဆိုရင် ဦးနှောက် ပျက်စီးနိုင်ခြေ ပိုများကြောင်း သိရပါတယ်။
“ငရုတ်သီးလိုမျိုး စပ်တဲ့အစားအစာတွေ စားသုံးခြင်းဟာ ခန္ဓာကိုယ်အလေးချိန်နဲ့ သွေးပေါင်ချိန်အပေါ် သက်ရောက်မှုရှိပြီး ကောင်းမွန်စေနိုင်တယ်လို့ သိထားပေမယ့် အခုနောက်ဆုံး လေ့လာချက်အရဆိုရင် သတိပြုရမယ့် အရာတခု ဖြစ်လာနေပါပြီ”
“ငရုတ်ကောင်းတို့၊ ငရုတ်ပွတို့လို ငရုတ် အနွယ်ဝင်တွေက ဦးနှောက်ကို ဘာမှ မဖြစ်စေပေမယ့် ငရုတ်သီးအစားများခြင်းကတော့ ဦးနှောက်ကို ပျက်စီးတဲ့အထိ ဖြစ်စေနိုင်တာကြောင့် အစပ်ကြိုက်သူတွေကို ဆင်ခြင်စားသုံးစေချင်ပါတယ်” လို့ လေ့လာမှုမှာပါဝင်တဲ့ ဒေါက်တာ Zumin Shi က ပြောပါတယ်။
Credit Irrawaddy
Ref. www.thejarkartapost.com