အပူခ်ိန္ ၃၃ ဒီဂရီ ဆဲစီးယပ္ (၉၁ ဒီဂရီ ဖာရင္ဟိုက္) ထိရွိေနၿပီး ျခစ္ျခစ္ေတာက္ပူေနတဲ့ ေနပူထဲမွာ ကေလးကိုထိုင္ခိုင္းၿပီး အျပစ္ေပးလို႔ ပိတ္လိုက္ရတဲ့ သူငယ္တန္းေက်ာင္း

တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းက De Feng Che ဆိုတဲ့ သူငယ္တန္းေက်ာင္းမွာ ဆရာမတစ္ေယာက္ဟာ ေက်ာင္းသားေလး ႏွစ္ေယာက္ကို အျပစ္ေပးတဲ့အေနနဲ႔ ျခစ္ျခစ္ေတာက္ပူေနတဲ့ ေနပူထဲမွာ အၾကာႀကီးထိုင္ခိုင္းခဲ့တဲ့အတြက္ အေရးယူခံခဲ့ရပါတယ္။

အဆိုေက်ာင္းသားေလးႏွစ္ေယာက္ဟာ တစ္ေယာက္ေယာက်္ားေလးျဖစ္ၿပီး ေနာက္တစ္ေယာက္က မိန္းကေလးျဖစ္ပါတယ္။ သူတို႔ဟာ အိပ္ခ်ိန္မွာ မအိပ္ဘဲ အျခားကေလးေတြကို ေႏွာက္ယွက္ေနလို႔ဆိုၿပီး ယခုလို ရက္ရက္စက္စက္ ေနပူထဲမွာ ထားျခင္းခံရတာျဖစ္ပါတယ္။

အဆိုပါေက်ာင္းဟာ ေန႔လည္ခင္းဆိုရင္ ညေနအတန္းအတြက္ ေက်ာင္းသားေလးေတြကို အိပ္ခိုင္းေလ့ရွိၿပီး သူတို႔ႏွစ္ေယာက္ကေတာ့ မအိပ္ပဲေဆာ့ကစားေနၿပီး အျခားကေလးေတြ အိပ္မရတဲ့အတြက္ ယခုလိုအျပစ္ေပးရတယ္လို႔ သိရပါတယ္။

ယခုလိုပူျပင္းတဲ့ ရာသီမွာ ေန႔လည္ခင္းေနပူထဲထိုင္ေနရတာဟာ လူႀကီးေတြေတာင္မွ ခံႏိုင္ရည္မရွိဘူးဆိုတာကို ဆရာမျဖစ္သူက နားလည္ပုံမေပၚပါဘူး။

အဲဒီ့ေန႔က အပူခ်ိန္ ၃၃ ဒီဂရီ ဆဲစီးယပ္ (၉၁ ဒီဂရီ ဖာရင္ဟိုက္) ထိရွိေနၿပီး ေယာက်္ားေလးျဖစ္သူက ေနပူထဲအိပ္ေနတဲ့ပုံနဲ႔ မိန္းကေလးကေတာ့ သူ႔ေဘးနားမွာ ထိုင္ေန တဲ့ပုံဟာ အင္တာနက္မွာပ်ံ႕ႏွံ႔လွ်က္ရွိပါတယ္။

ၿမိဳ႕နယ္အစိုးရကေတာ့ အဆိုပါသူငယ္တန္းဆရာမကို အလုပ္ျဖဳတ္လိုက္ၿပီး ေက်ာင္းကိုလည္း ပိတ္ပစ္ခဲ့ပါတယ္။ ကေလးေတြကို သင္ၾကားေပးေနရတဲ့ ဆရာမျဖစ္သူဟာ အျခားအမ်ိဳးသမီးေတြထက္ ပိုစိတ္ရွည္ဖို႔ လိုအပ္ၿပီး စိတ္မရွည္ရင္ အဆိုပါအလုပ္မ်ိဳးကို မေ႐ြးခ်ယ္တာ ပိုေကာင္းပါတယ္။

Unicode

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက De Feng Che ဆိုတဲ့ သူငယ်တန်းကျောင်းမှာ ဆရာမတစ်ယောက်ဟာ ကျောင်းသားလေး နှစ်ယောက်ကို အပြစ်ပေးတဲ့အနေနဲ့ ခြစ်ခြစ်တောက်ပူနေတဲ့ နေပူထဲမှာ အကြာကြီးထိုင်ခိုင်းခဲ့တဲ့အတွက် အရေးယူခံခဲ့ရပါတယ်။

အဆိုကျောင်းသားလေးနှစ်ယောက်ဟာ တစ်ယောက်ယောကျ်ားလေးဖြစ်ပြီး နောက်တစ်ယောက်က မိန်းကလေးဖြစ်ပါတယ်။ သူတို့ဟာ အိပ်ချိန်မှာ မအိပ်ဘဲ အခြားကလေးတွေကို နှောက်ယှက်နေလို့ဆိုပြီး ယခုလို ရက်ရက်စက်စက် နေပူထဲမှာ ထားခြင်းခံရတာဖြစ်ပါတယ်။

အဆိုပါကျောင်းဟာ နေ့လည်ခင်းဆိုရင် ညနေအတန်းအတွက် ကျောင်းသားလေးတွေကို အိပ်ခိုင်းလေ့ရှိပြီး သူတို့နှစ်ယောက်ကတော့ မအိပ်ပဲဆော့ကစားနေပြီး အခြားကလေးတွေ အိပ်မရတဲ့အတွက် ယခုလိုအပြစ်ပေးရတယ်လို့ သိရပါတယ်။

ယခုလိုပူပြင်းတဲ့ ရာသီမှာ နေ့လည်ခင်းနေပူထဲထိုင်နေရတာဟာ လူကြီးတွေတောင်မှ ခံနိုင်ရည်မရှိဘူးဆိုတာကို ဆရာမဖြစ်သူက နားလည်ပုံမပေါ်ပါဘူး။

အဲဒီ့နေ့က အပူချိန် ၃၃ ဒီဂရီ ဆဲစီးယပ် (၉၁ ဒီဂရီ ဖာရင်ဟိုက်) ထိရှိနေပြီး ယောကျ်ားလေးဖြစ်သူက နေပူထဲအိပ်နေတဲ့ပုံနဲ့ မိန်းကလေးကတော့ သူ့ဘေးနားမှာ ထိုင်နေ တဲ့ပုံဟာ အင်တာနက်မှာပျံ့နှံ့လျှက်ရှိပါတယ်။

မြို့နယ်အစိုးရကတော့ အဆိုပါသူငယ်တန်းဆရာမကို အလုပ်ဖြုတ်လိုက်ပြီး ကျောင်းကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ ကလေးတွေကို သင်ကြားပေးနေရတဲ့ ဆရာမဖြစ်သူဟာ အခြားအမျိုးသမီးတွေထက် ပိုစိတ်ရှည်ဖို့ လိုအပ်ပြီး စိတ်မရှည်ရင် အဆိုပါအလုပ်မျိုးကို မရွေးချယ်တာ ပိုကောင်းပါတယ်။

Source; Life Style Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.