အနုပညာသက္တမ္းတစ္ေလွ်ာက္ ပညာေတြသင္ေပးျပီး ေက်းဇူးရိွဖူးတဲ့ ဒါရိုက္တာဆရာၾကီးမ်ားကို ေမြးေန့အမွတ္တရအျဖစ္ ဧည့္ခံေကၽြးေမြးခဲ့တဲ့ ဝတ္မႈံေရႊရည္

Posted on

ဝတ်မှုံရွှေရည်ကတော့ မင်းသားကြီး နေအောင်နဲ့ အတူတူရိုက်ကူးတဲ့ ကြော်ငြာကနေ လူသိများကျော်ကြားလာခဲ့ပြီး ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် တက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာ အကယ်ဒမီများရှင်မင်းသမီးတစ်လက်အဖြစ် အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းကာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီဆုရရှိဖို့ထက် ပရိသတ်တွေ ကြည့်ရကျိုးနပ်စေမယ့် အနုပညာအသစ်တွေကို ချပြဖို့ ကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

နိုင်ငံခြားရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပညာတွေ သင်ပေးခဲ့တဲ့ ဒါရိုက်တာဆရာကြီးများရဲ့ ကျေးဇူးကိုလည်း မမေ့လျော့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မနေ့က သြဂုတ်လ (၁၃) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က သူမရဲ့ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာကြီးတွေဖြစ်တဲ့ ဒါရိုက်တာကြီးတွေကို မွေးနေ့အမှတ်တရအဖြစ် ဧည့်ခံကျွေးမွေးခဲ့တာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ မွေးနေ့မှာ သူမရဲ့ မွေးရပ်မြေ မိုးကုတ်မြို့နဲ့ သူမကျင်လည်ခဲ့ရာ အနုပညာအစည်းအရုံးမှာ အလှူအတန်းတွေပြုလုပ်ခဲ့သလို ချစ်ရတဲ့ သူငယ်ချင်းတွေနဲ့ ကျေးဇူးရှိဖူးသူ ဆရာသမားတွေကို ဧည့်ခံကျွေးမွေးရင်း အကျိုးရှိရှိ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်တစ်ယောက် အနုပညာလောကမှာ ဒီထက်မက အောင်မြင်ကျော်ကြားမှုတွေရရှိပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Aung Min Naing’s fb
zawgyi
ဝတ္မႈံေရႊရည္ကေတာ့ မင္းသားၾကီး ေနေအာင္နဲ့ အတူတူရိုက္ကူးတဲ့ ေၾကာ္ျငာကေန လူသိမ်ားေက်ာ္ၾကားလာခဲ့ျပီး ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ တက္လွမ္းနိုင္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္က လက္ရိွမွာ အကယ္ဒမီမ်ားရွင္မင္းသမီးတစ္လက္အျဖစ္ ေအာင္ျမင္မႈေတြရရိွပိုင္ဆိုင္ေနျပီး နိုင္ငံတကာနဲ့ ရင္ေဘာင္တန္းကာ အနုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနလ်က္ရိွပါတယ္။ ဝတ္မႈံေရႊရည္ကေတာ့ အကယ္ဒမီဆုရရိွဖို့ထက္ ပရိသတ္ေတြ ၾကည့္ရက်ိဳးနပ္ေစမယ့္ အနုပညာအသစ္ေတြကို ခ်ျပဖို့ ၾကိဳးစားေနသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

နိုင္ငံျခားရုပ္ရွင္ထုတ္လုပ္ေရးေတြနဲ့ လက္တြဲလုပ္ကိုင္ေနတဲ့ ဝတ္မႈံေရႊရည္က သူမရဲ့ အနုပညာသက္တမ္းတစ္ေလွ်ာက္ ပညာေတြ သင္ေပးခဲ့တဲ့ ဒါရိုက္တာဆရာၾကီးမ်ားရဲ့ ေက်းဇူးကိုလည္း မေမ့ေလ်ာ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ မေန့က ၾသဂုတ္လ (၁၃) ရက္ေန့မွာေတာ့ ဝတ္မႈံေရႊရည္က သူမရဲ့ သင္ဆရာ၊ ၾကားဆရာ၊ ျမင္ဆရာၾကီးေတြျဖစ္တဲ့ ဒါရိုက္တာၾကီးေတြကို ေမြးေန့အမွတ္တရအျဖစ္ ဧည့္ခံေကၽြးေမြးခဲ့တာကို ေတြ့ရပါတယ္။

ဝတ္မႈံေရႊရည္ကေတာ့ ေမြးေန့မွာ သူမရဲ့ ေမြးရပ္ေျမ မိုးကုတ္ျမိဳ့နဲ့ သူမက်င္လည္ခဲ့ရာ အနုပညာအစည္းအရံုးမွာ အလွဴအတန္းေတြျပဳလုပ္ခဲ့သလို ခ်စ္ရတဲ့ သူငယ္ခ်င္းေတြနဲ့ ေက်းဇူးရိွဖူးသူ ဆရာသမားေတြကို ဧည့္ခံေကၽြးေမြးရင္း အက်ိဳးရိွရိွ ျဖတ္သန္းခဲ့တာပဲ ျဖစ္ပါတယ္။ ဝတ္မႈံေရႊရည္တစ္ေယာက္ အနုပညာေလာကမွာ ဒီထက္မက ေအာင္ျမင္ေက်ာ္ၾကားမႈေတြရရိွျပီး အကယ္ဒမီဆုေတြကိုလည္း ဆြတ္ခူးရရိွနုိင္ပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ၾကီးအားလံုး သာယာေပ်ာ္ရႊင္တဲ့ေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Aung Min Naing’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.