တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်သူ ဆောင်းဟေကိုဟာ သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူ မင်းသား ဆောင်းဂျွန်ကီနဲ့ လမ်းခြွဲ့ပီးနောက်ပိုင်းမှာတော့ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ အနုပညာအလုပ်တွေကိုရပ်နားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဆောင်းဟေကိုက မိုနာကိုမြို့ကို ပွဲအခမ်းအနားတစ်ခုအတွက်ရောက်ရှိစဉ်အချိန်တုန်းက ‘Hong Kong Tatler’ မဂ္ဂဇင်းနဲ့ သီးသန့်အင်တာဗျူးမှာ သူမကိုယ်တိုင် ထုတ်ဖော်ပြောပြခဲ့ပါတယ်။ အင်တာဗျူးမှာ ဆောင်းဟေကိုက သူမဘ၀ရဲ့ အလှည့်အပြောင်းကံကြမ္မာနဲ့ ရှေ့ဆက်မယ့်အနာဂတ်အစီအစဉ်တွေအကြောင်းကို အတိုချုံးပြီး ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။
“ဖြစ်လာတဲ့ကိစ္စတွေ အားလုံးက ကျွန်မဖြစ်ချင်လို့ ဖြစ်ခဲ့ရတာတွေ မဟုတ်ပါဘူး။ ဖြစ်ချိန်တန်လို့ ဖြစ်လာရတာတွေပါ” လို့ဆိုကာ သူမကြုံတွေ့ခဲ့ရတဲ့ ခါးသီးမှုတွေနဲ့ပတ်သတ်ပြီး ပြောခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူမက ရှေ့ဆက်လက်မယ့် အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး “ဒီနှစ်ကုန်ပိုင်းအထိကတော့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ လူမှုရေးကိစ္စတွေကြောင့် အနားယူပါမယ်။ ကျွန်မကိုယ်ကျွန်မ အချိန်တစ်ခုပေးဖို့လိုအပ်တဲ့အတွက်ပါ။ နောက်နှစ်အတွက်ကတော့ ဇာတ်ကားအသစ်ကို လက်ခံရိုက်ကူးဖို့စဉ်းစားထားပေမယ့် သေချာတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး”လို့ဆိုကာ ပြောပြခဲ့ပါတယ်။
ဒီအင်တာဗျူးက ကွာရှင်းမယ့်သတင်းထွက်ပြီး ရက်ပိုင်းအကြာမှာမေးခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ ၂ ယောက်လုံးဟာ တရားဝင်ကွာရှင်းလို့ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။
Ref : SBS Star
လေးစားစွာဖြင့် ခရစ်ဒက် Mia (Momolay)