အတွဲညီညီနဲ့ ဖျော်ဖြေတင်ဆက်ရင်း ပရိသတ်တွေကို ကျေနပ်စေခဲ့တဲ့ Rဇာနည်နဲ့ Paul Austin

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ The Voice Myanmar Season (2) ပြိုင်ပွဲကြီးရဲ့ Final Show ကြီးကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

Top (4) လေးယောက်ဖြစ်တဲ့ Hazel, Novem Htoo, Paul Austin နဲ့ Melody Khong တို့ကတော့ သူတို့ရဲ့ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ယှဉ်ပြိုင်သွားတာကို တွေ့ရပါတယ်။

ပရိသတ်တွေလည်း သူတို့လေးယောက်စလုံးရဲ့ သီဆိုယှဉ်ပြိုင်မှုကို အားရ ကျေနပ်ခဲ့ကြတာကို တွေ့ရပါတယ်။

R ဇာနည်ရဲ့ Team RZarni မှ Paul Austin ကလည်း သူ့ရဲ့ အစွမ်းအစ အားလုံးကို ထုတ်ပြပြီး အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် Top 2 အဆင့်မှာတင် ကျေနပ်ခဲ့ရပြီး Winner ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဒါပေမယ့် ပရိသတ်တွေကို တာဝန်ကျေစွာနဲ့ ဖျော်ဖြေပေးနိုင်တဲ့ Paul အတွက် အားလုံးက ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။

Paul Austin နဲ့ R ဇာနည်တို့ နှစ်ယောက် ပေါင်းပြီး တင်ဆက်ပေးခဲ့မှုတွေကလည်း ပရိသတ်ကြီးကို ကျေနပ်အားရစေခဲ့ပါတယ်။ Paul Austin နဲ့ R ဇာနည်တို့က Westlife ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ Fool Again သီချင်းနဲ့ ထိုသီချင်းရဲ့ မြန်မာဗားရှင်း ဂန္တဝင်ဆည်းဆာ သီချင်းကို အတူတူ တွဲဖက်သီဆိုခဲ့တာ ဖြစ်ပါတယ်။

Team R Zarni: Fool Again / Gandawin See Sar (Westlife / R Zarni)

Paul Austin ကတော့ အသံကြည်ကြည်လေးနဲ့ သူချစ်တဲ့ သီချင်းတွေကို ဆက်လက်သီဆိုသွားဦးမှာပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရတဲ့ Paul ကို ဆက်လက်ပြီး အားပေးကြပါဦးနော်

Source: The Voice Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.