အတွင်းသိ အိမ်နီးချင်း တစ်ယောက်ပြောပြခဲ့တဲ့ Song Hye Kyo နဲ့ Song Joong Ki တို့ ၂ ယောက် လက်ရှိနေထိုင်ကြတဲ့နေရာ

Posted on

ကွာရှင်းကြတော့မယ်လို့ တရားဝင်အတိအလင်းကြေညာထားတဲ့ Song Hye Kyo နဲ့ Song Joong Ki တို့ ၂ ယောက်ဟာ ကွာရှင်းတဲ့သတင်းမထွက်ခင် လပိုင်းအလိုလောက်ကတည်းက ဆိုးလ်မြို့၊ ယုံဆန်းဂုရပ်ကွက်ရှိ ဟန်းနီးမွန်းအိမ်ကနေပြောင်းရွှေ့ခဲ့ကြကာ အိမ်ခွဲပြီးနေထိုင်ခဲ့ကြတယ်ဆိုတာကို ပရိသတ်တွေအနေနဲ့ သိထားပြီးသားဖြစ်မှာပါ။

အိမ်နီးချင်းတစ်ယောက်ရဲ့ ပြောပြချက်အရတော့ ထိုအိမ်မှာ Song Joong Ki လာရောက်နေထိုင်တာက အတော်လေးကိုရှားပါးခဲ့ကြတာကြောင့် သူတို့ ၂ ယောက်ရဲ့အကြားမှာ တစ်ခုခုတော့ဖြစ်နေတယ်ဆိုတာကို အိမ်နီးချင်းတွေက ထိုစဉ်အချိန်ကတည်းက ရိပ်မိနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိမှာတော့ သူတို့ ၂ ယောက် ဘယ်မှာနေထိုင်နေကြတယ်ဆိုတာကို အတွင်းသိတစ်ယောက်က ထုတ်ဖော်ပြောပြခဲ့ပါတယ်။ Song Hye Kyo ကတော့ ကွာရှင်းမယ့်သတင်းတွေမထွက်ခင်အချိန်ကတည်းက ဆိုးလ်မြို့၊ ဟန်နမ်ဒုန်ရပ်ကွက်ရှိ တန်ဖိုးကြီးအိမ်ယာတစ်ခုက ဇိမ်ခံတိုက်ခန်းတစ်ခန်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီး သူမနေထိုင်တဲ့ ပတ်ဝန်းကျင်ကတော့ လူချမ်းသာသူဌေးတွေသာအနေများတဲ့ ရပ်ကွက်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Song Joong Ki ကတော့ သူတို့ ၂ ယောက်အတူနေထိုင်တဲ့ နေအိမ်ကနေပြောင်းရွှေ့ခဲ့ကတည်းက ဆိုးလ်မြို့မှာပဲနေထိုင်တဲ့ မိသားစုတစ်ယောက်နဲ့ပဲ အတူနေထိုင်လျှက်ရှိတာ ဖြစ်ပါတယ်။

နာမည်ကြီးအနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ဟာ အိမ်ထောင်သက်တမ်း ၁ နှစ်နဲ့ ၈ လအကြာမှာ လမ်းခွဲလိုက်ကြတာဖြစ်ပြီး တရားဝင်ကွာရှင်းမှုကိုတော့ ဒီလအကုန်လောက်မှာ အပြီးသတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Ref : Koreaboo
Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.