အတူတွဲထိုင်နေတဲ့ နောက်ကျောပေး အမျိုးသားက ဘယ်သူလဲ လို့မအေးသောင်းကို ဒဲ့မေးလိုက်တဲ့ R ဇာနည်

Posted on

ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိနေတဲ့ အေးသောင်းနဲ့ အမျိုးသားတစ်ဦး နီးနီးကပ်ကပ် တွဲထိုင်နေတဲ့ ပုံကို အဆိုတော် R ဇာနည်က နောက်ကျောကနေ မသိမသာ ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာ “Aye Thaung ငါတွေ့တယ်နော် 😝😝 အာ့ ဘူလဲ??” ဆိုပြီး အေးသောင်းကို tag တွဲကာ ဆေးထိုးကြမ်းလိုက်တာကြောင့် အနုပညာရှင်မောင်နှမများကြားမှာ အတော်လေး ဂယက်ထသွားခဲ့ပါတယ်။

အေးသောင်းက  “အဲ့လိုမတင်သင့်ဘာ 😡😡😡” ဆိုပြီး comment မှာ ရေးခဲ့ပြီးနောက် မိတ်ဆွေတွေအကုန်လုံး ပွဲကျသွားခဲ့ပါတယ်။ ရန်ရန်ချန်းက “နေတိုးကြီး.😂” ဆိုပြီး နောက်ပြောင် ရေးသားခဲ့ပါတယ်။

ပရိသတ်တွေလည်း အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်နေကြပြီး နောက်ကျောပေးအမျိုးသားက အေးသောင်းနဲ့ သို့လော သို့လော တွေးနေကြပြီး အေးသောင်းတစ်ယောက် စွံသွားပြီလားလို့ ထင်ကြေးပေးနေကြပါတယ်။

ပရိသတ်ကြီးရေ .. အေးသောင်းနဲ့ တွဲထိုင်နေတဲ့ အမျိုးသားက ဘယ်သူလဲလို့ မှတ်ချက်ပေးချင်ပါသလဲ။

 

Source : R zarni

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.