“အဆုံးစီရင်သွားသူ လူငယ်လေး ဘက်ကနေ အပြည့်အ၀ထောက်ခံ အားပေးခဲ့ကြတဲ့ အနုပညာရှင်များ”

လောကကြီးမှာ မွေဖွားလာပြီဆို ယောက်ျားလေးဖြစ်ရမယ် မိန်းကလေးဖြစ်ရမယ်ဆိုတာဟာ ကိုယ်တိုင်ရွေးချယ်လို့မရတဲ့ အရာတစ်ခုဖြစ်ပြီး လိင်ပိုင်းစိတ်ခံယူချက်နဲ့ ပတ်သက်လို့လည်း Gay ဖြစ်တယ် Tom Boy ဖြစ်တယ် ဆိုတာဟာလည်း ရွေးချယ်ထိန်းချုပ်ထားလို့ မရနိုင်တဲ့ ဖြစ်တည်မှုတစ်ခုပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ အင်တာနေရှင်နယ် ကျောင်းတစ်ခုက ၀န်ထမ်းဖြစ်တဲ့ မောင်ကျော်ဇင်ဝင်း ဟာ လုပ်ငန်းခွင်မှာ Gay ဖြစ်ကြောင်း အတင်းဝန်ခံခိုင်းတဲ့ပြင် ကွယ်ရာမှာပါ နောက်ပြောင်ပြောဆိုခြင်းဖြင့် အနိုင်ကျင့်ခံခဲ့ရတာဖြစ်ပြီး ကိုယ်ပိုင် ဖြစ်တည်မှုကို လှောင်ပြောခဲ့တဲ့ အပေါ် မိမိကိုယ်ကို အဆုံးစီရင်မှု ပြုလုပ်ခဲ့သည်ထိ ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ လူမှုကွန်ရက်ပေါ်မှာ ဟိုးလေးတကြော်ဖြစ်ခဲ့ရတဲ့ပြင် ပြည်တွင်းမှာသာမက နိုင်ငံတကာသတင်းအတော်များများအထိပါ ရောက်ရှိပျံနှံသွားခဲ့ရတာပဲဖြစ်ပါတယ်။ပွင့်လင်းမြင်သာလာတဲ့ ခေတ်ကြီးမှာ LGBT Communityတစ်ခုလုံးကို အားပေးထောက်ခံကြတဲ့ သူတွေရှိသလို ဝေဖန်ထိုးနှက်နေတဲ့ သူတွေလည်းရှိနေပါသေးတယ်။

LGBT Communityတစ်ခုလုံးကိုအပြည့် အ၀ထောက်ခံပေးခဲ့ကြတဲ့ သူတွေထဲမှာ အနုပညာရှင်များဖြစ်တဲ့ နေခြည်ဦး၊ ညီညီမောင် (စမ်းချောင်း)၊ပိုင်ဖြိုးသု၊ မေသစ္စာမောင်၊ မြတ်သူသူဇင်တို့လည်းအပါအ၀င်ဖြစ်ပြီး

သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မောင်ကျော်ဇင်ဝင်း(ဂျစ်တူး)ရဲ့ သေဆုံးရမှုနဲ့ပတ်သတ်ပြီး LGBT Community ဘက်ကနေ အပြည့်အ၀အားပေးထောက်ခံကြောင်းကို အသီးသီးဖော်ပြခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း LGBTနဲ့ပတ်သတ်ပြီး ကိုယ်ပိုင်အမြင်လေးတွေကိုမှတ်ချက်လေးတွေရေးပြီး ဖြေသွားခဲ့ကြပါဦးနော်….

#Cele family

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.