အဆိုတော် အစ္စဏီဘက်​ကအာမခံ​တောင်းဆိုမှုကို တာ​​မွေတရားရုံးက ယ​နေ့ဆိုင်းငံ့ထား

Posted on

အဆိုတော် အစ္စဏီဘက်​ကအာမခံ​တောင်းဆိုမှုကို တာ​​မွေတရားရုံးက ယ​နေ့ဆိုင်းငံ့

ပုဒ်မ ၃ ခုနဲ့တရားစွဲဆိုခံရတဲ့အဆိုတော် အစ္စဏီကို
ယ​နေ့​နေ့လည်​က တာ​မွေတရားရုံးမှာရုံးထုတ်​ခဲ့တာဖြစ်​ပြီး အာမခံ​ပေးသင့်​၊မသင့်​ဆုံးဖြတ်​ခဲ့တာဖြစ်​ပါတယ်​။

တာ​မွေမြို့နယ်​တရားရုံးအ​နေနဲ့ အဆို​တော်​အစ္စဏီအာမခံ​တောင်းဆိုမှုကိုဆိုင်းငံထားခဲ့ပြီး အဆို​တော်​အစ္စဏီရဲ့အ​ဒေါ်ဖြစ်​သူက “ဘာလို့အာမခံမ​ပေးတာလဲဆိုတာ​တော့မသိဘူး။အန်​တီက အပြင်​မှာထိုင်​တာဆို​တော့လို့။ဒီ​နေ့က​တော့အများကြီး​မျှော်​လင့်​ထားတာ။အာမခံ​တောင်းတာကို တရားရုံးကပယ်​ချလိုက်​တဲ့အတွက်​စိတ်​မ​ကောင်းဘူး”လို့ရှင်းပြပါတယ်​။

အဆို​တော်​အစဏ္ဏီကိုတရားစွဲဆိုထားတဲ့ ပုဒ်​မ၃ခုနဲ့ပတ်​သက်​ပြီး တရားလိုစူးရှထက်​က ​ကြေ​အေး​ပေးခဲ့ပြီးဖြစ်​ပါတယ်​။

အဆို​တော်​အစ္စဏီအ​နေနဲ့ ယ​နေ့မနက်​ပိုင်းက တာ​မွေမြို့နယ်​တရားရုံး​ရှေ့ရုံးထုတ်​စဉ်​မီဒီယာ​တွေနဲ့​တွေ့ဆုံတဲ့အခိုက်​မှာ တရားရုံးကချမှတ်​မယ့်​သတင်း​ကောင်းကို​စောင့်​​ပေးဖို့​တောင်းဆိုခဲ့​သော်​လည်း ယ​နေ့ည​နေပိုင်း​တော့ မီဒီယာ​မေးမြန်းမှုကို​ဖြေကြားခဲ့ခြင်းမရှိပါဘူး။

တာ​မွေမြို့နယ်​တရားရုံးအ​နေနဲ့ အဆို​တော်​အစ္စဏီရဲ့အာမခံ​တောင်းဆိုမှုကိုယ​နေ့ဆိုင်းငံ့ခဲ့ပြီး လာမယ့်​သြဂုတ်​လ၁၆ရက်​​နေ့မှာ ရုံးချိန်းပြန်​လည်​ချိန်းဆိုလိုက်​တယ်​လို့ အစ္စဏီရဲ့​ရှေ့​နေထံကသိရပါတယ်

Source ; popular journal
လေးစားမှုဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.