” အဆိုတော်ဟဲလေးကို သီချင်းအပ်ကာ ဂီတဘက်ကိုေ လျှာက်လှမ်းဦးမယ့် အလှမယ်ေ ရွှအိမ်စည်”

Posted on




Soure : Shwe Eain Si

unicode

ပရိသတ်ကြီးရေ ပုရိသအမျိုးသားတွေပါမက အမျိုးသမီးပရိတ်သတ်တွေပါသဲသဲလှုပ်ချစ်ရတဲ့ ခပ်ချေချေ မော်ဒယ်မ လေးတစ်ယောက်ဖြစ်ပြီးစွဲမက်ဖွယ် ခန္ဓာကိုယ်အချိုးအစားနဲ့ ချိုလွင်လွင်အပြုံးတို့က သူမရဲ့ အားသာချက် အလှအပတွေဖြစ်ပါတယ်။အမြဲ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်မှု ပြဿနာတွေကို စိတ်ရှင်းရှင်းနဲ့ ပညာသားပါပါဖြေရှင်းတတ်သူ အဖြစ်မှတ်ချက်ပေးခံရသူလေးပါ။

Miss World Myanmar (2016 )ကနေ အနုပညာခြေလှမ်းစတင်ခဲ့တဲ့ ရွှေအိမ်စည်ကတော့ Miss Grand Myanmar (2017)ရဲ့ သရဖူရှင်ဖြစ်ခဲ့ဖူးပါတယ်။ ထပ်မံ ပြီး Miss Golden Land Myanmar (2018 )ကိုထပ်မံဆွတ်ခူးခဲ့ပြီး မြန်မာပြည်ရဲ့ ကိုယ်စားပြုအနေနဲ့ ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ Miss Supranational (2018) ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သူပါနော်။

ဒီနေ့မှာတော့ အလှမယ်တစ်ဦးဖြစ်တဲ့အပြင်ရုပ်ရှင်ဇာတ်ကားတွေလည်းရိုက်ကူးနေတဲ့သူမကတော့ ဂီတဘက်ကိုလည်း လျှောက်လှမ်းဖို့ အဆိုတော်ဟဲလေးကို သီချင်းအပ်ထားကြောင်းကို “ဒီတစ်ခေါက်အလှည့်ကျသီချင်းရေးပေးဖြစ်တဲ့ညီမလေးကတော့ဖြင့်”ဆိုတဲ့စာလေးနဲ့သူမနဲ့အမှတ်တရပုံလေးကိုအဆိုတော်ဟဲလေးကတင်လာခဲ့တာပါ။အိမ်စည်ထွက်ရှိလာမယ့်သီချင်းလေးကို အခုထဲကမျှော်လင့်နေကြပြီလားဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Soure : Shwe Eain Si

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.