ဟန်တီကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများစွာရရှိထားတဲ့ အမျိုးသားပရိသတ်တွေ အားပေးခြင်းကိုခံရတဲ့ မော်ဒယ်လ်သရုပ်ဆောင်အဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းလှတဲ့ဟန်ပန်အမူအရာလေးတွေကြောင့်ပရိသတ်တွေအချစ်ပိုစေတာဖြစ်ပြီး ဘာသာစကားတွေကို ကျွမ်းကျင်တတ်မြောက်တဲ့ ဘက်စုံထူးချွန်တဲ့ သူတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။
ဟန်တီတစ်ယောက် Miss Myanmar World (2018)ပြိုင်ပွဲကြီးကို ၀င်ရောက်ယှဉ်ပြိုင်ပြီး Winnerဆုကို ပိုင်ဆိုင်ခဲ့တာကြောင့် တရုတ်နိုင်ငံ Sanya ပြည်နယ်မှာကျင်းပခဲ့တဲ့ Miss World (2018) ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ကိုရီးယားမှာ ကျင်းပခဲ့တဲ့ Asia Model Awards ဆုပေးပွဲကြီးမှာလည်း Myanmar Model Star Award ဆုကြီးကိုရရှိခဲ့ပါသေးတယ်။ဆုရရှိခဲ့တဲ့အတွက် ကိုရီယားလူမျိုးတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင် ကျေးဇူးတင်စကားပြောခဲ့တာကြောင့် ပွဲလာပရိသတ်ကိုရီးယားလူမျိုးတွေ အံ့အားသင့်စေခဲ့တာပဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ သူမရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ” လွမ်းဒဏ္ဍာရီ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ သြဂုတ်လ (၁၅)ရက်နေ့ မှာ ရုံတင်ပြသတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေကို သွားရောက်ကြည့်ဖို့တိုက်တွန်းခဲ့ပြီး သူမရဲ့ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့အတွက် လိုအပ်ချက်တွေရှိနေမှာ ဖြစ်တာကြောင့် ဝေဖန်ပေးကြဖို့ မေတ္တာရပ်ခံခဲ့တာပဲ ဖြစ်ပါတယ်။
” ဟန်တီ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီး နောက်လ(၈)လပိုင်း(၁၅)ရက်နေ့ တနိုင်ငံလုံးမှာ စတင်ရုံတင်ပြသတော့မှာဖြစ်လို့ သွားရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။ပထမဆုံး သရုပ်ဆောင်ထားတာဖြစ်လို့ လိုအပ်ချက်တွေရှိနေတာမို့ ကြည့်ရှုဝေဖန်ပေးကြပါအုံးနော်။”ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးရော အဆိုတော်နဲ့ အလှမယ်တစ်ယောက်အဖြစ်သာမက ရုပ်ရှင်မင်းသမီးအဖြစ် မြင်တွေ့ရတော့မယ့် ဟန်တီရဲ့ ပထမဆုံးရုံတင်မယ့် ရုပ်ရှင်ကားကို အားပေးမယ်ဆိုရင် မှတ်ချက်ပေးခဲ့ပါဦးနော်။
Source : Han Thi
ခရက်ဒစ် CeleGabar