အဆိုပိုင်းမှာပါ ပါရမီပါကြောင်းကို သက်သေပြလိုက်တဲ့ ချစ်နွေ သို့မဟုတ် ခြူးလေး

Posted on

ခြူးလေးကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲများရဲ့ ပင်တိုင်မင်းသမီးတစ်ဦး အနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားပါတယ်။ ချစ်စဖွယ်မျက်နှာလေးနဲ့ ချိုသာတဲ့အသံလေးတွေကြောင့် ပရိသတ်တွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းခံနေရသူလည်း ဖြစ်သလို ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်စွာသရုပ်ဆောင်တတ်သူဖြစ်ပြီး ပရိသတ်ရဲ့ တခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။

သူမကတော့ ” ထာဝရမန္တလေး ” ဇာတ်လမ်းတွဲကြီးထဲမှာ ” ငွေရည်နှင်းစက် ” နေရာမှ ပီပီပြင်ပြင်သရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားပြီး သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ” ချစ်ရပါသောနွေ ” ရုပ်သံဇာတ်လမ်းတွဲကြီးမှလည်း “ချစ်နွေ” ဆိုတဲ့ ဇာတ်ကောင်နဲ ပရိသတ်တွေရဲ့ ကြားမှာ ရေပန်းစားနေတာလည်းဖြစ်ပါတယ်။

ခြူးလေးတစ်ယောက်ကတော့ သရုပ်ဆောင်ပိုင်းသာမက အဆိုပိုင်းမှာပါ ပါရမီပါကြောင်းကို သက်သေပြလိုက်တဲ့အနေဖြင့် သူမရဲ့ ” Neon Angel”ဆိုတဲ့ သီချင်းလေးကို အမြည်းသဘောနဲ့ ပရိသတ်တွေကိုချပြလိုက်တာလဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခြူးလေးရဲ့ သိချင်းသစ်လေးကိုနားထောင်ပြီးရင် မှတ်ချက်ပေးခဲ့ဦးနော်။

Source; Celefamily

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.