အစ်မတွေနဲ့ Tik Tok ဆော့တိုင်း အရိုက်ခံရတဲ့ အငယ်ဆုံးလေးသူမအဖြစ်ကို ပြောပြလာတဲ့ စိုးပြည့်သဇင်

Posted on

မိန်းကလေးဆန်ဆန် ချစ်စရာကောင်းပြီး အနေအထိုင်သိမ်မွေ့လွန်းတဲ့ မင်းသမီးလေး စိုးပြည့်သဇင်ကို လူကြီး၊ လူငယ်ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ စိုးပြည့်သဇင်က အနေအထိုင်အေးဆေးသူတစ်ယောက်ဖြစ်ပေမယ့် ရုပ်ရှင်ဇာတ်ကားတွေမှာတော့ ကျရာကာရိုက်တာအတိုင်း စီးမြောလိုက်ပါခံစားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း စိုးပြည့်သဇင်က အကယ်ဒမီဆုကြီးတစ်ဆုကို ရရှိပိုင်ဆိုင်ထားပြီး အောင်မြင်တဲ့အနုပညာလမ်းမမှာ ယခုချိန်ထိ လျှောက်လှမ်းနေနိုင်တာ ဖြစ်ပါတယ်။

စိုးပြည့်သဇင်က သူမရဲ့ အစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ ဆုံတဲ့အချိန်တိုင်းမှာ ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေရိုက်ပြီး မျှဝေပေးလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်က အစ်မတွေနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကိုပြန်ကြည့်ရင်း “ငါ..tit tokဆော့တိုင်းအရိုက်မခံရတာမရှိပါလား🥴” ဆိုပြီး အငယ်ဆုံးလေး သူမအဖြစ်ကို ပြောလာပါတယ်။

စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မကတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး ကြီးသူကို ငယ်သူက ရိုသေလေးစားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စိုးပြည့်တို့ ညီအစ်မတွေရဲ့ ပျော်စရာကောင်းတဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်ကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Source: Soe Pyae Thazin’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.