“အစ်ကိုဖြစ်သူ ဒွေးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အမှတ်တရလေးတွေကို ချပြလာတဲ့ ဇွဲနိုင်ဝင်း”

Posted on





Unicode

ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ဇွဲနိုင်ဝင်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ဇွဲနိုင်ဝင်းကတော့ အစ်ကိုဖြစ်သူ မင်းသားဒွေးရဲ့ သင်ပြမှုတွေနဲ့အတူ အနုပညာအရည်အချင်းတွေကို အကောင်းချပြ သရုပ်ဆောင်နိုင်သူ တစ်ယောက်ပဲဖြစ်ပါတယ်.။ အချိန်မတိုင်မှီ ကွယ်လွန်သွားခဲ့တဲ့ အစ်ကိုဖြစ်သူ ဒွေးအတွက် ဝမ်းနည်းမဆုံးဖြစ်ခဲ့ရပြီး သတိရနေတဲ့ အကြောင်းတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လေ့ရှိသူပါ.။

အစ်ကိုဖြစ်သူ ဒွေးကို သတိရတဲ့ အချိန်တိုင်းမှာ အတူရှိခဲ့တဲ့ အမှတ်တရလေးတွေကို ရင်ဖွင့်တင်လေ့ရှိပြီး ဒွေးရဲ့ ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့လေးမှာလည်း ဘုရားသွား ကုသိုလ်ယူကာ ရည်စူးအလှူလေးတွေကို ပြုလုပ်ပေးခဲ့သူပါ.။ ဒီနေ့ ဇွန်လ (၁၉)ရက်နေ့မှာတော့ ဇွဲနိုင်ဝင်းက အစ်ကိုဖြစ်သူ ဒွေးကို သတိရနေမှုတွေကို အရင်တုန်းက ရိုက်ခဲ့တဲ့ ပုံရိပ်လေးတွေကို “အကို နဲ့ အူဝဲ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

မင်းသမီးအိန္ဒြာကျော်ဇင်နဲ့ ဒွေးတို့ရဲ့ အနုပညာပုံရိပ်လေးတွေကို ချစ်တဲ့ ပရိသတ်တွေအတွက် တစ်ဖန်ပြန်လည်အမှတ်ရစေမယ့် အမှတ်တရလေးတွေကို ချပြခဲ့တာပဲဖြစ်ပါတယ်နော်..ပရိသတ်ကြီး.။ပရိသတ်ကြီးအတွက်လည်း ဒွေးနဲ့ အူဝဲတို့ရဲ့ အနုပညာ ပုံရိပ်အမှတ်တရလေးတွေကို ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်.။
Source: Zwe Naing Win’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.