အစာအိမ်ရောင်နေတာကြောင့် စားချင်တာတွေ စားလို့မရဘူးဖြစ်နေတဲ့ မတ်မတ် သင်ဇာ

Posted on

ပရိသတ်တွေကြားမှာ ဆက်စီ မော်ဒယ်အဖြစ်နဲ့ နာမည်ကြီးနေတဲ့ သင်ဇာဝင့်ကျော်ဟာ ကျန်းမာရေးအခြေအနေမကောင်းဖြစ်နေတယ်လို့ ဆိုပြီး ပရိသတ်တွေကို ပြောပြလိုက်ပါတယ်။ သူမ က ပရိသတ်ချစ်တဲ့ သူဖြစ်သလို သူမနေကောင်းဘူးဆိုတာကိုလဲ ချစ်တဲ့ ပရိသတ်တွေ က အရမ်းတွေစိတ်ပူနေကြတာဖြစ်ပါတယ်။ သင်ဇာဟာ ယခုနောက်ပိုင်းမှာတော့ ပိုပြီး လှလာသလို ခန္ဓာကိုယ်အချိုးအစားလဲ ပိုပြီးပြေပြစ်လာပါတယ်။ သင်ဇာတစ်ယောက် ဘယ်လိုတွေတောင် အစားတွေရှောင်ပြီး ၀ိတ်ချလိုက်တယ် မသိပါဘူး ခုချိန်မှာတော့ သူအစာအိမ်ရောင်တဲ့ရောဂါကို ခံစားနေရပါတယ်ဆိုတဲ့အကြောင်းရေးသားလာပါတယ်။

သူမရေးသားခဲ့တာကတော့ “ အစာအိမ်ရောင်နေလို့ စားချင်တာစားလို့မရတော့ဘူးနော် … အစားအသောက် ပုံတွေမြင်ရင် စိတ်တွေ အလိုလို တိုလာတယ် 🙄😤😡” လို့ ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်က တစ်ချိန်ကရိုးရိုးအေးအေး မင်းသမီးလေးတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့အချစ်ကို လက်ခံရရှိထားပြီး နောက်ပိုင်း မှာတော့ သူမဟာ ပွဲတက်အလန်းစားတွေနဲ့ဆက်စီ မော်ဒယ်အဖြစ်ပြောင်းလဲလာခဲ့ပြီး ကိုယ်လုံးအချိုးအစားလေးကလဲ ယခင်ကထက်ပိုပြီး လှလာတာကိုတွေ့မြင်ရမှာပါ။

သင်ဇာဟာ ယခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ကားရိုက်ကူးမှုတွေ နည်းပါးလာခဲ့ပြီး ပွဲတက်တွေ MVတွေ ကြော်ငြာတွေတော့ ရိုက်ကူးလာ ရတာကို တွေ့မြင်ရပါတယ်။ သူမရဲ့ လက်တစ်လောအနုပညာလှုပ်မှုတွေအနေနဲ့ ကြော်ငြာရိုက်ကူးမှုတစ်ချို့နဲ့ ပွဲတက်လေးတွေဘဲ ရှိနေတယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးရေ သင်ဇာဝင့်ကျော်အတွက် အမြန်ဆုံးသက်သာလာစေဖို့ ဆုတောင်းပေးလိုက်ကြပါဦး ။ဖတ်ရှု့ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source – Thinzarwintkyaw’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.