“အင်းစိန်ဆေးရုံကြီးမှာ Convid19 အတွက်အသုံးပြုရန် Surgical Mask (1500)ကို ပါဝင်လှူဒါန်းလိုက်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း”


 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

မန်မာနိုင်ငံရဲ့နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့အပြင် ပရဟိတအသင်းကိုလည်းကိုယ်တိုင်လုပ်ဆောင်နေကြတဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ကို ရင်းနှီးလောက်မယ်ထင်ပါတယ်။ အဆိုတော်လင်းလင်းကတော့ အသံပါဝါအားကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို အခုထိကိုရရှိထားတဲ့အဆိုတော်တစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ လင်းလင်းတို့အိမ်ထောင်ရေးလေးကတော့ အရမ်းချစ်ပြီးကြင်နာတတ်တဲ့ဇနီးချောလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခေတ်နဲ့သစ် သမီးလေးနှစ်ယောက်တို့နဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

လင်းလင်းနဲ့ချစ်သုဝေတို့ဟာဆိုရင် ခေတ်သစ်ဖောင်ဒေးရှင်းလေးထောင်ပြီး တကယ်လိုအပ်နေတဲ့နေရာတွေတိုင်းမှာ သွားရောက်လှူဒါန်းလေ့ရှိသူတွေပါ။ မတ်လ(၂၆)ရက်နေ့မှာ လင်းလင်းတို့ဇနီးမောင်နှံက”သမီး tereza ဒေါက်တာချစ်သုဝေ Chit Thu Wai သားကိုလင်းHtwe Lynn Ko တို့၏ ခေတ် သစ် ဖောင်ဒေးရှင်းမှ အင်းစိန်ဆေးရုံကြီးတွင်COVID -19 အတွက်အသုံးပြုရန် Surgical Mask (၃၀) ဗူး ( ၁၅၀၀) ကို ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခဒေါ်မာမာကြည်တို့ထံ ဖောင်ဒေးရှင်းကိုယ်စားကိုဇေယျာ မသဉ္ဇာအေး ကိုထူးမြတ်တို့နှင့်အတူ လှူဒါန်းခဲ့ပါသည်”ဆိုတဲ့အကြောင်းကို လင်းလင်းရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ခေတ်နဲ့သစ်ဖောင်ဒေးရှင်းက ပါဝင်လှူဒါန်းခဲ့တာကြောင့် တကယ်ကိုမွန်မြတ်လွန်းလှကြောင်းကို တင်ပေးလိုက်တာပါပဲနော်ပရိသတ်ကြီးတို့ရေ။

ပရိသတ်တွေအတွက် လင်းလင်းတို့ဇနီးမောင်နှံ maskလေးတွေလှူဖြစ်တဲ့အကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း အခုလိုလှူဒါန်းလိုက်တဲ့ပုံရိပ်လေးတွေကိုမြင်ရင် ဝမ်းသာပီတိဖြစ်မိမယ်လို့ထင်ပါတယ်။

Soure…Htwe Lynn Ko’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.