အငယ်ဆုံး သမီးလေးရဲ့ စကားကြောင့် အံ့သြသွားခဲ့ရတဲ့ နိုင်းနိုင်း

Posted on

နိုင်းနိုင်းတစ်ယောက် နံပါတ် ၄ သမီးလေးရဲ့ စကားကြောင့် အံ့သြသွားခဲ့ရပါတယ်တဲ့။ သားအဖ နှစ်ယောက် စကားတွေ အပြန်အလှန်ပြောဖြစ်တဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

နိုင်းနိုင်းဟာ အငယ်ဆုံး သမီးလေးနဲ့ စကားတွေ အပြန်အလှန်ပြောဖြစ်ကြရင်းက သမီးလေးရဲ့ စကားကြောင့် အံ့သြခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ရင်သွေးလေးတွေကတော့ အမေရိကန်မှာ နေထိုင်ပေမယ့် မြန်မာစကားကိုလည်း ပြောတတ်ကြပါတယ်။

‘’ကျွန်တော် မနက်စာစားနေတုန်း ရဲဘော် နံပါတ် ၄ ဝင်လာပြီးရေလာသောက်တယ်။ ဘာရယ်မဟုတ်… သူ့ကိုမေးခွန်း မေးလိုက်တယ်၊ မင်းအဖေ နာမည် ဘယ်လိုခေါ်လဲ? သူကပြန်ဖြေတယ်။ Daddy..တဲ့။ နာမည်ကိုပြောဆိုလို့ နိုင်းနိုင်း တဲ့။ နောက်နာမည်တစ်ခုထပ်ပြောလို့ပြောလိုက်တယ်။ သူကချက်ချင်းပဲ ပြန်ဖြေလိုက်တယ်…. ယောကျာ်း တဲ့ဗျား’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားခဲ့ပါတယ်။

နိုင်းနိုင်းကို စနောက်လိုက်တဲ့ သမီးလေးကတော့ အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။ နာမည်ကတော့ မယ်ရီလို့ ခေါ်ပါတယ်။ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။

နိုင်းနိုင်းဟာ မိသားစုတွေနဲ့အတူ အမေရိကန်နိုင်ငံ New York မြို့မှာ နေထိုင်တာဖြစ်ပါတယ်။ အခုဆိုရင်လည်း အနုပညာအလုပ်တွေ ခဏ နားထားတာကြောင့် မိသားစုတွေဆီပြန်ရောက်နေတာပါ။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးအပြင်၊ နောက်ထပ် အနုပညာနဲ့ဆက်နွယ်တဲ့ အလုပ်ကိစ္စတွေရှိမှသာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ ကြာသေးခင်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားနေတာ တွေ့ရပါတယ်။ ရိုက်ကူးရေးပြီးသွားတဲ့အချိန်မှာတော့ မိသားစုတွေဆီကို ပြန်ရောက်နေတာပါ။

နိုင်းနိုင်း(Nine Nine)တို့ ဇနီးမောင်နှံဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။၂၀၀၈ ခုနှစ်ကတည်းက လက်တွဲလာခဲ့ကြသူတွေဖြစ်ပါတယ်။ နိုင်းနိုင်းဟာ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တီဗီကြော်ငြာတွေ၊ မဂ္ဂဇင်းကာဗာတွေ၊ ဂျာနယ် နဲ့ သတင်းစာ မျက်နှာဖုံးတွေကနေတဆင့် ပရိသတ်တွေ သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။ 

Source; Duwun

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.