“အခ်ိန္မွီကုသနို္င္ဖို႕အတြက္ စည္းစည္းလံုးလံုးနဲ႕ ပူူးေပါင္းပါဝင္ေပးၾကဖို႕ တိုက္တြန္းလာတဲ့ ရန္ေအာင္”

ျမန္မာႏိုင္ငံရဲ႕ ဒိတ္ဒိတ္ႀကဲမင္းသားႀကီးတစ္လက္ျဖစ္တဲ့ အကယ္ဒမီ (၆)ဆုရွင္ ရန္ေအာင္ကေတာ့ အသက္ (၅၃) ႏွစ္ရွိေနၿပီျဖစ္ေပမယ့္ သ႐ုပ္ေဆာင္ စေကးေတြကေတာ့ ခုခ်ိန္ထိ ေကာင္းမြန္ေနဆဲ မင္းသားႀကီးတစ္လက္ျဖစ္ၿပီး က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တဲ့ ၿပိဳင္စံရွားမင္းသားတစ္လက္လည္း ျဖစ္ပါတယ္ ။ လက္ရွိမွာ အေမျဖစ္သူနဲ႕အတူ ေနထိုင္ရင္း ေပ်ာ္ရႊင္ေအးခ်မ္းစြာ ဘဝကို ျဖတ္သန္းေနတာပါ..။ ဒီေန႕ မတ္လ (၂၆)ရက္ေန႕မွာေတာ့ ရန္ေအာင္က လက္ရွိ ျမန္မာနိုင္ငံမွာ ဗိုင္းရပ္စ္ပ်ံ႕နွံ႕လာတဲ့အေပၚ “ကံေကာင္းတဲ့ကြၽန္ေတာ္တို႔ႏိုင္ငံ” လို႔ “နိမိတ္ေဆာင္”ပါရေစခင္ဗ်ာ….။ အခုဆိုရင္ တကမာၻလုံးက ႏိုင္ငံတိုင္းလိုလိုမွာ (ကို႐ိုနာ19 )ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီ…။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ကူးစက္လာတဲ့ သားခ်င္းေတြ ရွိလာတာပါ။ အခုဆို ကြၽန္ေတာ္တို႔ ႏိုင္ငံက ႏိုင္ငံေတာ္အႀကီးအကဲမ်ား, က်မၼာေရးဝန္ႀကီးဌာနမ်ား, ဌာနဆိုင္ရာ အသီးသီးက ေဒသအလိုက္ ဝန္းရံႏိုင္ၾကတယ္ ။

 

 

အထူးသျဖင့္… ဆရာဝန္ေတြ ဆရာမေတြ ေဆးပညာဝန္ထမ္းေတြအားလုံးဟာ လူသားခ်င္းကိုယ္ခ်င္းစာတရားနဲ႔ ျပဳစုေရး ကာကြယ္ေရး ေတြအစဥ္တစိုက္ လုပ္ကိုင္ေနႏိုင္ၾကပါတယ္။ မျပည့္စုံေသးတဲ့ ကြၽန္ေတာ္တို႔ႏိုင္ငံသာ အရင္ဆုံး ျဖစ္ခဲ့ရင္မေတြးဝံ့စရာပါ။ ခုအခ်ိန္မွာ ကြၽန္ေတာ္တို႔ ႏိုင္ငံသူ/ႏိုင္ငံသား ေတြဟာ လူလူျခင္းစာနာမႈ၊ စည္းစည္းလုံးလုံးရွိမႈ ၊ေမတၱာတရားႀကီးမားမႈ ၊ လိုက္နာက်င့္သုံးမႈ၊ တစ္ကိုယ္ေကာင္းဆန္စိတ္ မရွိမႈေတြေၾကာင့္ ဒီေဝဒနာဆိုးကို ကာကြယ္ ဟန႔္တားေနႏိုင္ခဲ့တယ္။ကိုယ့္အသိစိတ္နဲ႔ကိုယ္ လာေရာက္အစစ္ေဆးခံတာေတြေတြ႕ရေတာ့ သာဓု ေခၚမိပါတယ္.။ ျပည့္ဝတဲ့စိတ္ဓါတ္ရွိသူလို႔ ခ်ီးမြမ္းဂုဏ္ျပဳမိတယ္။ ကိုယ့္ၿမိဳ႕ ၊ ကိုယ့္႐ြာ ၊ ကိုယ့္ရပ္ကြက္ ၊ ကိုယ့္ပတ္ဝန္းက်င္ ကိုယ့္အိမ္ မွာ အခ်င္းခ်င္း သတိေပးလႈံေဆာ္ ၿပီး ညီညီညာညာ တြန္းလွန္ႏိုင္ရင္ ဒင္းေျပးေပါက္မွားမွာပါ။ကာကြယ္ေဆးလဲ မၾကာခင္ေပၚလာေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ယုံၾကည္ ေနပါတယ္။ ကိုယ္ေတြေတာ့ ဒီေဆးမေဖၚႏိုင္ေလာက္ဘူး။

 

 

ႏိုင္ငံႀကီးေတြကအရင္ျဖစ္လိုက္လို႔ ဒီေဆးကို အျမန္ဆုံးရွာေဖြေနႏိုင္တာပါ။ သူတို႔ရွာေတြ႕ရင္ လူသားအားလုံးတၿပိဳင္နက္ကာကြယ္ႏိုင္မွာပါ။ ဒါ့ေၾကာင့္ “ကံေကာင္းတဲ့ ကြၽန္ေတာ္တို႔ ႏိုင္ငံ” လို႔ေျပာတာပါ။ အခ်ဳပ္ေျပာရရင္ ကာကြယ္ေဆး မေပၚခင္ ကြၽန္ေတာ္တို႔ ႏိုင္ငံအဝွမ္းမွ ညီအစ္ကိုေမာင္ႏွမမ်ားအားလုံး လူသားခ်င္းစာနာေသာအားျဖင့္.. ညီညီၫႊတ္ၫႊတ္ စည္းစည္း႐ုံး႐ုံးနဲ႔ အခ်ိန္မွီကာကြယ္ပါ , အခ်ိန္မွီကုသပါ, လို႔ေမတၱာစကားေျပာပါရေစခင္ဗ်ာ….”တကမာၻလုံးမွာမ်ားသတၱာ ခ်မ္းသာကိုယ္စိတ္ၿမဲၾကပါေစ..”ဆုိၿပီး သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္နွာေပၚမွာ တင္လာခဲ့ပါတယ္..။ ရန္ေအာင္ကေတာ့ ဗိုင္းရပ္စ္ပ်ံ႕နွံ႕မႈကေန ထိန္းခ်ဳပ္နိုင္ဖို႕အတြက္ အခ်ိန္မွီကုသနိုင္ေအာင္ တိုက္တြန္းစကားဆုိလိုက္တာပါပဲေနာ္ ပရိသတ္ႀကီး..။ ပရိသတ္ႀကီးလည္း မင္းသားႀကီး ရန္ေအာင္နဲ႕ အေတြးေလးမ်ားတူခဲ့ရင္လည္း မွတ္ခ်က္ေလးေတြ ေရးေပးခဲ့ၾကပါဦးေနာ္..။

 

 

Source: Yan Aung’s Facebook

ယူနီကုဒ္ျဖင့္ဖတ္ရန္

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ (၆)ဆုရှင် ရန်အောင်ကတော့ အသက် (၅၃) နှစ်ရှိနေပြီဖြစ်ပေမယ့် သရုပ်ဆောင် စကေးတွေကတော့ ခုချိန်ထိ ကောင်းမွန်နေဆဲ မင်းသားကြီးတစ်လက်ဖြစ်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ ပြိုင်စံရှားမင်းသားတစ်လက်လည်း ဖြစ်ပါတယ် ။ လက်ရှိမှာ အမေဖြစ်သူနဲ့အတူ နေထိုင်ရင်း ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေတာပါ..။ ဒီနေ့ မတ်လ (၂၆)ရက်နေ့မှာတော့ ရန်အောင်က လက်ရှိ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပျံ့နှံ့လာတဲ့အပေါ် “ကံကောင်းတဲ့ကျွန်တော်တို့နိုင်ငံ” လို့ “နိမိတ်ဆောင်”ပါရစေခင်ဗျာ….။ အခုဆိုရင် တကမ္ဘာလုံးက နိုင်ငံတိုင်းလိုလိုမှာ (ကိုရိုနာ19 )ဗိုင်းရပ်စ် ကူးစက်ခံထားရပြီ…။ ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကူးစက်လာတဲ့ သားချင်းတွေ ရှိလာတာပါ။ အခုဆို ကျွန်တော်တို့ နိုင်ငံက နိုင်ငံတော်အကြီးအကဲများ, ကျမ္မာရေးဝန်ကြီးဌာနများ, ဌာနဆိုင်ရာ အသီးသီးက ဒေသအလိုက် ဝန်းရံနိုင်ကြတယ် ။

အထူးသဖြင့်… ဆရာဝန်တွေ ဆရာမတွေ ဆေးပညာဝန်ထမ်းတွေအားလုံးဟာ လူသားချင်းကိုယ်ချင်းစာတရားနဲ့ ပြုစုရေး ကာကွယ်ရေး တွေအစဉ်တစိုက် လုပ်ကိုင်နေနိုင်ကြပါတယ်။ မပြည့်စုံသေးတဲ့ ကျွန်တော်တို့နိုင်ငံသာ အရင်ဆုံး ဖြစ်ခဲ့ရင်မတွေးဝံ့စရာပါ။ ခုအချိန်မှာ ကျွန်တော်တို့ နိုင်ငံသူ/နိုင်ငံသား တွေဟာ လူလူခြင်းစာနာမှု၊ စည်းစည်းလုံးလုံးရှိမှု ၊မေတ္တာတရားကြီးမားမှု ၊ လိုက်နာကျင့်သုံးမှု၊ တစ်ကိုယ်ကောင်းဆန်စိတ် မရှိမှုတွေကြောင့် ဒီဝေဒနာဆိုးကို ကာကွယ် ဟန့်တားနေနိုင်ခဲ့တယ်။ကိုယ့်အသိစိတ်နဲ့ကိုယ် လာရောက်အစစ်ဆေးခံတာတွေတွေ့ရတော့ သာဓု ခေါ်မိပါတယ်.။ ပြည့်ဝတဲ့စိတ်ဓါတ်ရှိသူလို့ ချီးမွမ်းဂုဏ်ပြုမိတယ်။ ကိုယ့်မြို့ ၊ ကိုယ့်ရွာ ၊ ကိုယ့်ရပ်ကွက် ၊ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အိမ် မှာ အချင်းချင်း သတိပေးလှုံဆော် ပြီး ညီညီညာညာ တွန်းလှန်နိုင်ရင် ဒင်းပြေးပေါက်မှားမှာပါ။ကာကွယ်ဆေးလဲ မကြာခင်ပေါ်လာတော့မယ်ဆိုတာ ကျွန်တော်တို့ယုံကြည် နေပါတယ်။ ကိုယ်တွေတော့ ဒီဆေးမဖေါ်နိုင်လောက်ဘူး။

နိုင်ငံကြီးတွေကအရင်ဖြစ်လိုက်လို့ ဒီဆေးကို အမြန်ဆုံးရှာဖွေနေနိုင်တာပါ။ သူတို့ရှာတွေ့ရင် လူသားအားလုံးတပြိုင်နက်ကာကွယ်နိုင်မှာပါ။ ဒါ့ကြောင့် “ကံကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံ” လို့ပြောတာပါ။ အချုပ်ပြောရရင် ကာကွယ်ဆေး မပေါ်ခင် ကျွန်တော်တို့ နိုင်ငံအဝှမ်းမှ ညီအစ်ကိုမောင်နှမများအားလုံး လူသားချင်းစာနာသောအားဖြင့်.. ညီညီညွှတ်ညွှတ် စည်းစည်းရုံးရုံးနဲ့ အချိန်မှီကာကွယ်ပါ , အချိန်မှီကုသပါ, လို့မေတ္တာစကားပြောပါရစေခင်ဗျာ….”တကမ္ဘာလုံးမှာများသတ္တာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ..”ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ရန်အောင်ကတော့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကနေ ထိန်းချုပ်နိုင်ဖို့အတွက် အချိန်မှီကုသနိုင်အောင် တိုက်တွန်းစကားဆိုလိုက်တာပါပဲနော် ပရိသတ်ကြီး..။ ပရိသတ်ကြီးလည်း မင်းသားကြီး ရန်အောင်နဲ့ အတွေးလေးများတူခဲ့ရင်လည်း မှတ်ချက်လေးတွေ ရေးပေးခဲ့ကြပါဦးနော်..။
Source: Yan Aung’s Facebook

 

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.