အချိန်ခရီးသွားတစ်ယောက်လို့ ဝန်ခံလိုက်တဲ့ Gfatt

လက်ရှိမှာအမှောင်လောကရဲ့ သိုင်းရာဇာ ဇာတ်ကားဟာ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ပရိသတ် တချို့က အဆိုပါ သိုင်းကားရဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်း တစ်ခုနဲ့ပတ်သက်ပြီး ပြောဆိုမှုတွေရှိလာနေတာပါ။

လူတူမရှားဆိုသလိုဘဲ ဇာတ်ကားရဲ့ဇာတ်ဝင်ခန်းတစ်ခုမှာ G fattနဲ့ တစ်ထပ်တည်းနီးပါးတူတဲ့ လူတစ်ယောက်ပါဝင်သရုပ်ဆောင်ထားတာပါ။ G fatt ဆီကို အဆိုပါဇာတ်ဝင်ခန်းရဲ့ပုံကို ပေးပို့သူတွေအမြောက်အမြားရှိခဲ့တယ်လို့ဆိုပါတယ်။ G fattကတော့”လာပို့ကျလွန်းလို့ ပြောပြပါတော့မယ် ကျွန်တော် တိုင်းမ်ထရာဗယ်လာ ပာ”ဆိုပြီး ဝန်ခံလိုက်ပါတယ်။ တရုတ်မလေးကို ချစ်မိခဲ့တဲ့ G fattတစ်ယောက် အခုလိုလူတူမရှားဖြစ်ရတာ အတိတ်ကံကြောင့်ဖြစ်နိုင်မဖြစ်နိုင် မှတ်ချက်ပေးခဲ့ကြပါဦး။

Source- G Fatt

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.