အခ်စ္ေရးတစ္ခုစတင္ရံုရွိေသး လြယ္လြယ္နဲ႔ပ်က္စီးသြားေစတဲ႔ဒီလုိအခ်က္ေတြ မလုပ္မိပါေစနဲ႔!

သင္နဲ႔သင့္ခ်စ္သူက စတြဲတာမၾကာေသးဘူးဆုိရင္ သင္တို႔ရဲ႔အခ်စ္ေရးျမန္ျမန္နဲ႔ပ်က္စီးမသြားဖုိ႔ ဒီလုိအခ်က္ေလးေတြ မလုပ္မိဖို႔လိုအပ္ပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္လို႔တြဲၾကတာဆုိေပမဲ႔ ကုိယ္လုပ္လုိက္တဲ႔အျပဳအမူ၊အေျပာအဆုိေလးေတြေၾကာင့္စိတ္ပ်က္သြားႏုိင္ပါတယ္။ဘယ္လုိအခ်က္ေတြကုိ သင္မလုပ္မိဖုိ႔လိုလဲဆုိရင္…

*ဒိတ္လုပ္ဖုိ႔ မၾကာခဏေျပာျခင္း
ခ်စ္ၾကတယ္ဆိုေပမဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ အက်င့္စရုိက္ခ်င္းမတူညီပါဘူး။တစ္ေယာက္က ေအးေအးေနခ်င္တယ္။တစ္ေယာက္ကေတာ့
အျမဲအျပင္ထြက္ေလ်ွာက္လည္ခ်င္တယ္။အဲ႔လိုေလးေတြကေတာ့ရွိေနမွာပါပဲ။ဒါက ညိွလို႔ရပါတယ္။အေရးၾကီးတာက တစ္ဖက္သားစိတ္အေႏွာင့္အယွက္
ျဖစ္ေအာင္ထိ အျပင္ထြက္ေလ်ွာက္လည္ဖု႔ိ မေျပာဖုိ႔ပါ။ႏွစ္ဦးသေဘာတူၾကည္ျဖဴတယ္ဆုိရင္ေတာ့ It’s okay ေပါ့။

 

 

*ဆုိရွယ္မီဒီယာေပၚမွာ အျမဲေစာင့္ၾကည့္ေနျခင္း
ဘယ္သူကမွ ကုိယ့္ကုိ အျမဲတေစေစာင့္ၾကည့္ေနတာမ်ိဳးမၾကိဳက္ပါဘူး။ဘယ္လုိပဲခ်စ္သူျဖစ္ျဖစ္ပါ သူ႔လြတ္လပ္ခြင့္၊ကုိယ့္လြတ္လပ္ခြင့္
ဆုိတာရွိပါတယ္။ဒါကုိ ကုိယ့္အေပၚအျမဲေစာင့္ၾကည့္ေနတယ္။ခ်ဳပ္ခ်ယ္တားဆီးေနတယ္ဆုိရင္ သင့္ရဲ႔အခ်စ္ေရးက ေရွ႔ဆက္မသာယာႏုိင္ပါဘူး။
ဘယ္အရာမဆုိ လိုအပ္တာထက္ပုိရင္မေကာင္းပါဘူးေနာ္။

*ေနာင္ေရးအတြက္ၾကိဳတင္စဥ္းစားအစီအစဥ္ခ်ေနျခင္း
အခ်စ္ေရးတစ္ခုမွာ ေနာင္ေရးအတြက္ၾကိဳတင္စဥ္းစားတယ္ဆုိတာျဖစ္သင့္ပါတယ္။ဒါေပမဲ႔ တြဲစပဲရွိေသးတယ္။တစ္ေယာက္အေၾကာင္းတစ္ေယာက္လည္း
ပုိမသိေသးဘူး။ေရရွည္ခိုင္ျမဲမလားဆိုတာလည္း ၾကိဳတင္သိမထားဘူး။ဒီလိုအေျခအေနမ်ိဳးမွာ သင့္ဘက္က ေနာင္ေရးအတြက္ၾကိဳတင္အစီအစဥ္ခ်ေနျခင္းဟာ
တစ္ဖက္လူရဲ႔စိတ္ကုိမြန္းက်ပ္ေစပါတယ္။အေျခအေနနဲ႔အခ်ိန္အခါကုိသတိထားသင့္ပါတယ္။

*မၾကာခဏဆုိသလုိဆက္သြယ္ေနမယ္။စာပို႔ေနမယ္
ခ်စ္စခင္စဆုိေတာ့ ကုိယ့္ခ်စ္သူအေပၚခ်စ္ေၾကာင္း အျမဲေျပာခ်င္ေနမွာပါပဲ။ဒါေပမဲ႔လည္း တစ္နာရီျခားတစ္ခါဖုန္းဆက္ေနတာမ်ိဳး၊ေန႔တိုင္း
အျပင္မွာေတြ႔ဖုိ႔ခ်ိန္းတာမ်ိဳး၊အြန္လိုင္းေပၚရွိေနရင္လည္း သူအားလားမအားလားမသိ စာေတြပုိ႔၊စကားေတြေျပာေနတာမ်ိဳးက်ေတာ့ အသက္ရႈရၾကပ္
ပါတယ္။သင့္ကုိခ်စ္ေပမဲ႔ ဒီလုိအျပဳအမူေတြက အျမဲျဖစ္ေနမယ္ဆုိရင္ သူ႔အတြက္စိတ္ရႈပ္စရာျဖစ္ေနပါလိမ့္မယ္။

 

 

*သူ႔အတြက္အခ်ိန္ေတြအရမ္းေပးခ်င္ေနျခင္း
RS တစ္ခုတည္ျမဲဖုိ႔ရာ မိန္းကေလးေတြရဲ႔ျဖဴစင္တဲ႔မာယာလည္းလိုအပ္ပါေသးတယ္။သူခ်ိန္းတုိင္း အျမဲသြားေတြ႔တယ္။ဒိတ္တယ္။ေလ်ွာက္လည္တယ္ဆုိတာ
မ်ိဳးထက္ ၃ ခါမွာ ၂ခါေလာက္ပဲ သူ႔ကုိအခ်ိန္ေပးေတြ႔တာမ်ိဳး၊သူ႔ထက္ဦးစားေပးရတဲ႔အရာေတြရွိတယ္ဆိုတာ သူ႔ကုိမသိမသာျပတာမ်ိဳးလုပ္ေပးပါ။အဲ႔ဒါမွ
သူလည္း ကုိယ့္ကုိ ေတြ႔ခ်င္စိတ္ပုိျဖစ္လာျပီး ကုိယ္ဟာ တစ္ျခားသူေတြအေပၚမွာလည္း အာရံုစူးစုိက္တယ္ဆုိတာျပျပီးသားလည္းျဖစ္ပါတယ္။အခ်စ္တစ္ခုတည္း
ကုိးကြယ္တာမဟုတ္ပါဘူးေပါ့။

ဒီလုိအခ်က္ေလးေတြကုိသတိထားမယ္ဆုိရင္ေတာ့ အဆင္ေျပသာယာတဲ႔အခ်စ္ေရးတစ္ခုကုိဖန္တီးသြားႏုိင္မွာပါ။ဖုိက္တင္း!

 

unicode

သင်နဲ့သင့်ချစ်သူက စတွဲတာမကြာသေးဘူးဆိုရင် သင်တို့ရဲ့အချစ်ရေးမြန်မြန်နဲ့ပျက်စီးမသွားဖို့ ဒီလိုအချက်လေးတွေ မလုပ်မိဖို့လိုအပ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်လို့တွဲကြတာဆိုပေမဲ့ ကိုယ်လုပ်လိုက်တဲ့အပြုအမူ၊အပြောအဆိုလေးတွေကြောင့်စိတ်ပျက်သွားနိုင်ပါတယ်။ဘယ်လိုအချက်တွေကို သင်မလုပ်မိဖို့လိုလဲဆိုရင်…

*ဒိတ်လုပ်ဖို့ မကြာခဏပြောခြင်း
ချစ်ကြတယ်ဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက်ချင်းမတူညီပါဘူး။တစ်ယောက်က အေးအေးနေချင်တယ်။တစ်ယောက်ကတော့
အမြဲအပြင်ထွက်လျှောက်လည်ချင်တယ်။အဲ့လိုလေးတွေကတော့ရှိနေမှာပါပဲ။ဒါက ညှိလို့ရပါတယ်။အရေးကြီးတာက တစ်ဖက်သားစိတ်အနှောင့်အယှက်
ဖြစ်အောင်ထိ အပြင်ထွက်လျှောက်လည်ဖု့ိ မပြောဖို့ပါ။နှစ်ဦးသဘောတူကြည်ဖြူတယ်ဆိုရင်တော့ It’s okay ပေါ့။

*ဆိုရှယ်မီဒီယာပေါ်မှာ အမြဲစောင့်ကြည့်နေခြင်း
ဘယ်သူကမှ ကိုယ့်ကို အမြဲတစေစောင့်ကြည့်နေတာမျိုးမကြိုက်ပါဘူး။ဘယ်လိုပဲချစ်သူဖြစ်ဖြစ်ပါ သူ့လွတ်လပ်ခွင့်၊ကိုယ့်လွတ်လပ်ခွင့်
ဆိုတာရှိပါတယ်။ဒါကို ကိုယ့်အပေါ်အမြဲစောင့်ကြည့်နေတယ်။ချုပ်ချယ်တားဆီးနေတယ်ဆိုရင် သင့်ရဲ့အချစ်ရေးက ရှေ့ဆက်မသာယာနိုင်ပါဘူး။
ဘယ်အရာမဆို လိုအပ်တာထက်ပိုရင်မကောင်းပါဘူးနော်။

*နောင်ရေးအတွက်ကြိုတင်စဉ်းစားအစီအစဉ်ချနေခြင်း
အချစ်ရေးတစ်ခုမှာ နောင်ရေးအတွက်ကြိုတင်စဉ်းစားတယ်ဆိုတာဖြစ်သင့်ပါတယ်။ဒါပေမဲ့ တွဲစပဲရှိသေးတယ်။တစ်ယောက်အကြောင်းတစ်ယောက်လည်း
ပိုမသိသေးဘူး။ရေရှည်ခိုင်မြဲမလားဆိုတာလည်း ကြိုတင်သိမထားဘူး။ဒီလိုအခြေအနေမျိုးမှာ သင့်ဘက်က နောင်ရေးအတွက်ကြိုတင်အစီအစဉ်ချနေခြင်းဟာ
တစ်ဖက်လူရဲ့စိတ်ကိုမွန်းကျပ်စေပါတယ်။အခြေအနေနဲ့အချိန်အခါကိုသတိထားသင့်ပါတယ်။

*မကြာခဏဆိုသလိုဆက်သွယ်နေမယ်။စာပို့နေမယ်
ချစ်စခင်စဆိုတော့ ကိုယ့်ချစ်သူအပေါ်ချစ်ကြောင်း အမြဲပြောချင်နေမှာပါပဲ။ဒါပေမဲ့လည်း တစ်နာရီခြားတစ်ခါဖုန်းဆက်နေတာမျိုး၊နေ့တိုင်း
အပြင်မှာတွေ့ဖို့ချိန်းတာမျိုး၊အွန်လိုင်းပေါ်ရှိနေရင်လည်း သူအားလားမအားလားမသိ စာတွေပို့၊စကားတွေပြောနေတာမျိုးကျတော့ အသက်ရှုရကြပ်
ပါတယ်။သင့်ကိုချစ်ပေမဲ့ ဒီလိုအပြုအမူတွေက အမြဲဖြစ်နေမယ်ဆိုရင် သူ့အတွက်စိတ်ရှုပ်စရာဖြစ်နေပါလိမ့်မယ်။

*သူ့အတွက်အချိန်တွေအရမ်းပေးချင်နေခြင်း
RS တစ်ခုတည်မြဲဖို့ရာ မိန်းကလေးတွေရဲ့ဖြူစင်တဲ့မာယာလည်းလိုအပ်ပါသေးတယ်။သူချိန်းတိုင်း အမြဲသွားတွေ့တယ်။ဒိတ်တယ်။လျှောက်လည်တယ်ဆိုတာ
မျိုးထက် ၃ ခါမှာ ၂ခါလောက်ပဲ သူ့ကိုအချိန်ပေးတွေ့တာမျိုး၊သူ့ထက်ဦးစားပေးရတဲ့အရာတွေရှိတယ်ဆိုတာ သူ့ကိုမသိမသာပြတာမျိုးလုပ်ပေးပါ။အဲ့ဒါမှ
သူလည်း ကိုယ့်ကို တွေ့ချင်စိတ်ပိုဖြစ်လာပြီး ကိုယ်ဟာ တစ်ခြားသူတွေအပေါ်မှာလည်း အာရုံစူးစိုက်တယ်ဆိုတာပြပြီးသားလည်းဖြစ်ပါတယ်။အချစ်တစ်ခုတည်း
ကိုးကွယ်တာမဟုတ်ပါဘူးပေါ့။

ဒီလိုအချက်လေးတွေကိုသတိထားမယ်ဆိုရင်တော့ အဆင်ပြေသာယာတဲ့အချစ်ရေးတစ်ခုကိုဖန်တီးသွားနိုင်မှာပါ။ဖိုက်တင်း!

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.