အချစ်တော်ခွေးလေးတွေနဲ့ ဆော့ရင်း အိမ်မြဲနေတဲ့ ခင်ပွန်းဖြစ်သူရွှေထူးကိုကြည့်ပြီး သဘောကျနေတဲ့ ရွှေမှုံရတီ

Posted on

အဆိုတော် ရွှေထူးကတော့ ဂီတလောကမှာ အောင်မြင်ရုံသာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရွှေထူးက ခေါင်းဆောင်မင်းသားအဖြစ် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေလျက်ရှိပြီး ပရိသတ်တွေ အားပေးရကျိုးနပ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေလျက်ရှိပါတယ်။ ဒါ့အပြင် ရွှေထူးက ဇနီးလေး ရွှေမှုံရတီနဲ့အတူတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးက သူ့ရဲ့ အချစ်တော်ခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးနေတာကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် မျှဝေပေးထားပါတယ်။ ရွှေထူးရဲ့ ချစ်ဇနီးလေး ရွှေမှုံရတီကလည်း ခွေးတွေနဲ့ ဆော့နေတဲ့ ခင်ပွန်းဖြစ်သူကိုကြည့်ပြီး သဘောကျမဆုံးဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အိမ်ထောင်သက် တစ်နှစ်ကျော်ကြာသည့်တိုင်အောင် ရင်သွေးမယူသေးပဲ အနုပညာအလုပ်တွေကို ကိုယ်စီလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်။

Source:Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.