အချစ်ရဆုံးသူငယ်ချင်းလေး နန်းသူဇာရဲ့ မွေးနေ့အတွက် တစ်ခုတည်းသောဆုတစ်ခုကိုသာ ဆုတောင်းပေးခဲ့တဲ့ နန်းမြတ်ဖြိုးသင်

Posted on

အရုပ်လေးတွေလို ချစ်စရာကောင်းကြတဲ့ နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ကတော့ အနုပညာအလုပ်တွေကို တပူးပူးတတွဲတွဲလုပ်ကိုင်ကြသလို အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် ညီအစ်မအရင်းလို ချစ်ကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်မေမေဖြစ်တော့မယ်ဆိုပေမယ့် နန်းသူဇာကတော့ အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သာယာတဲ့ အချစ်ရေးတစ်ခုကိုတည်ဆောက်ပြီး အိမ်ထောင်မပြုပဲ ရှိနေသေးတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁) ရက်နေ့ကတော့ နန်းသူဇာရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းကတော့ အချစ်ဆုံးသူငယ်ချင်းပီပီ နန်းသူဇာအတွက် တစ်ခုတည်းသောဆုတစ်ခုကိုသာ တောင်းပေးခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက “Happy birthday my lovely Ntzee 🎁🎊🥳🤩🥳🤍 အမြဲစိတ်ချမ်းသာပျော်ရွှင်ပြီးလိုချင်တာအားလုံးဖြစ်ပါစေ ချစ်ဆုံးသူငယ်ချင်းလေး 💚” ဆိုပြီး မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တာ ဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းကတော့ အိမ်ထောင်ကျပြီး ကလေးမေမေဖြစ်သွားပြီဆိုပေမယ့် သူငယ်ချင်း နန်းသူဇာနဲ့ ငယ်ငယ်ကအတိုင်း အချစ်မလျော့ပဲ တစ်ယောက်နဲ့တစ်ယောက် ဂရုတစိုက်ရှိနေကြဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး နန်းသူဇာအတွက် အမှတ်တရ မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nann Myat Phyo Thinn’s fb

zawgyi



