ပရိသတ္ေတြခ်စ္ၾကတဲ့ ေနျခည္ဦးကေတာ့ Beauty Blogger တစ္ေယာက္အျဖစ္ကေန တိုင္းသိျပည္သိမင္းသမီး ဆယ္လီဘရစ္ တီတစ္ေယာက္ျဖစ္လို႔လာ ခဲ့တာပဲ ျဖစ္ပါတယ္။ ႏိုင္ငံျခားမွာ ေက်ာင္းသြားတက္ခဲ့တဲ့ ေနျခည္ဦးက ဘြဲ႕ရၿပီးကတည္းက ဝါသနာပါရာ လမ္းေၾကာင္းေပၚကို တစိုက္မတ္မတ္ေလွ်ာက္လွမ္းခဲ့ရာ အခုဆိုရင္ အသက္သုံးဆယ္မျပည့္ခင္အ႐ြယ္မွာပဲ ေအာင္ျမင္မႈ လမ္းေၾကာင္းတစ္ခုေပၚ ေရာက္ရွိလို႔ေနၿပီပဲ ျဖစ္ပါတယ္။ ေနျခည္ဦးကလည္း သူမကိုယ္သူမ အၿမဲတမ္း တိုးတက္ေနေအာင္ အၿမဲတမ္း ႀကိဳးစားေနသူတစ္ေယာက္ဆိုလည္း မမွားပါဘူး။
မၾကာခင္ ရက္ပိုင္းအတြင္းမွာ အသက္ (၂၉) ႏွစ္ျပည့္ေတာ့မယ့္ ေနျခည္ဦးက “ခ်စ္ပန္းဝါဝါ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးေပးရေတာ့မွာမို႔ ေမြးေန႔မွာ ထူးထူးျခားျခား အစီအစဥ္မရွိပဲ ႐ိုက္ကြင္းေပၚမွာပဲ ျဖတ္သန္းရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနျခည္ဦးရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းေတြကေတာ့ ေနျခည္ဦးအတြက္ ေမြးေန႔စပ႐ိုက္ေလးတစ္ခုကို ျပဳလုပ္ေပးခဲ့ၿပီး ေနျခည္ကလည္း သူငယ္ခ်င္းေတြေၾကာင့္ ေပ်ာ္႐ႊင္သြားခဲ့ေၾကာင္းကို “ေနာက္ေန႔ ဆို ျပင္ဦးလြင္မွာ ကား႐ိုက္သြားရေတာ့မွာဆိုေတာ့ ေမြးေန႔ေလး မလုပ္ရေတာ့ဘူးဆိုၿပီး ဝမ္းနည္းေနတာ 😞😞😞ဪ bestfriends for life ပါ 😭😭😭❤️❤️❤️” ဆိုၿပီး သူမရဲ႕ အေပ်ာ္ေလးကို မွ်ေဝေပးလာပါတယ္။
ေနျခည္ဦးကေတာ့ သူမရဲ႕ အခ်စ္ဆုံးမိန္းကေလးသူငယ္ခ်င္းေတြေၾကာင့္ ေမြးေန႔မတိုင္ခင္မွာကို မ်က္ရည္ေတြဝဲေလာက္တဲ့အထိ ေပ်ာ္႐ႊင္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း အစစအရာရာ ကံေကာင္းတဲ့အျပင္ သူငယ္ခ်င္းေကာင္းေတြကိုပါ ပိုင္ဆိုင္ထားတဲ့ ေနျခည္ဦးကို အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။
Source: Nay Chi Oo ‘s fb
Unicode
ပရိသတ်တွေချစ်ကြတဲ့ နေခြည်ဦးကတော့ Beauty Blogger တစ်ယောက်အဖြစ်ကနေ တိုင်းသိပြည်သိမင်းသမီး ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်လို့လာခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ခဲ့တဲ့ နေခြည်ဦးက ဘွဲ့ရပြီးကတည်းက ဝါသနာပါရာ လမ်းကြောင်းပေါ်ကို တစိုက်မတ်မတ်လျှောက်လှမ်းခဲ့ရာ အခုဆိုရင် အသက်သုံးဆယ်မပြည့်ခင်အရွယ်မှာပဲ အောင်မြင်မှု လမ်းကြောင်းတစ်ခုပေါ် ရောက်ရှိလို့နေပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးကလည်း သူမကိုယ်သူမ အမြဲတမ်း တိုးတက်နေအောင် အမြဲတမ်း ကြိုးစားနေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။
မကြာခင် ရက်ပိုင်းအတွင်းမှာ အသက် (၂၉) နှစ်ပြည့်တော့မယ့် နေခြည်ဦးက “ချစ်ပန်းဝါဝါ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပေးရတော့မှာမို့ မွေးနေ့မှာ ထူးထူးခြားခြား အစီအစဉ်မရှိပဲ ရိုက်ကွင်းပေါ်မှာပဲ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နေခြည်ဦးရဲ့ အချစ်ဆုံးသူငယ်ချင်းတွေကတော့ နေခြည်ဦးအတွက် မွေးနေ့စပရိုက်လေးတစ်ခုကို ပြုလုပ်ပေးခဲ့ပြီး နေခြည်ကလည်း သူငယ်ချင်းတွေကြောင့် ပျော်ရွှင်သွားခဲ့ကြောင်းကို “နောက်နေ့ ဆို ပြင်ဦးလွင်မှာ ကားရိုက်သွားရတော့မှာဆိုတော့ မွေးနေ့လေး မလုပ်ရတော့ဘူးဆိုပြီး ဝမ်းနည်းနေတာ 😞😞😞ဪ bestfriends for life ပါ 😭😭😭❤️❤️❤️” ဆိုပြီး သူမရဲ့ အပျော်လေးကို မျှဝေပေးလာပါတယ်။
နေခြည်ဦးကတော့ သူမရဲ့ အချစ်ဆုံးမိန်းကလေးသူငယ်ချင်းတွေကြောင့် မွေးနေ့မတိုင်ခင်မှာကို မျက်ရည်တွေဝဲလောက်တဲ့အထိ ပျော်ရွှင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အစစအရာရာ ကံကောင်းတဲ့အပြင် သူငယ်ချင်းကောင်းတွေကိုပါ ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကို အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Nay Chi Oo ‘s fb