unicode
မလီဂျာနာ နဲ့ ခင်ပွန်းဖြစ်သူ မီလိုကို တို့ဟာ အသက် ၅၀ ကျော်ကွာကြပါတယ်။ မလီဂျာနာက ၂၁ ဖြစ်ပြီး မီလိုကိုက အသက် ၇၄ နှစ်မို့လို လူတွေက သူတို့စုံတွဲကို တကယ်မကြိုက်ဘဲ ယူတာလို့ဝေဖန်ကြတာပါ။
ဒါကြောင့် သူတို့ ၂ ယောက်က တကယ်ချစ်လို့ ယူထားကြတာဖြစ်ကြောင်းပြသဖို့ တီဗီအစီအစဉ်တစ်ခုမှာ ပါဝင်သွားမယ်လို့သိရပါတယ်။ ဒါတင်မကသေးပါဘူူး။ သူတို့ ချစ်တင်းနှောနေတာကိုပါ ပြသသွားမယ်လို့ဆိုပါတယ်။ သူတို့ ၂ ယောက်ဟာ Parovit ဆိုတဲ့ အစီအစဉ်မှာ ပါဝင်သွားမှာဖြစ်ပြီး ရိုက်ကူးရေးလုပ်မယ့် အိမ်ကို မကြာခင်ပြောင်းရွှေ့နေထိုင်ကြတော့မှာပါ။
သူတို့၂ယောက်က ကလေးယူဖို့ကြိုးစားနေတာဖြစ်လို့ သူတို့ချစ်တင်းနှောတာကို မကြာခဏခဏ မြင်ကြရမယ်လို့လဲပြောပါတယ်။ ဒါပေမယ့် ခင်ပွန်းသည်ရဲ့ အသက်ကိုငဲ့ပြီး စိတ်ကြိုက်ပုံစံနဲ့ချစ်တင်းနှောလို့ရမှာတော့ မဟုတ်ဘူးလို့ပြောပါတယ်။