အခုနောက်ပိုင်း ငွေကိုတော်တော်စိစစ်ပြီးသုံးနေရတယ်ဆိုတဲ့ ဖိုးလပြည့်

ဖိုးလပြည့်ဟာဆိုရင် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့မျက်စိရှေ့မှာကြီးပြင်းလာခဲ့သူဖြစ်ပြီး အသက်ကြီးလာလို့ အနုပညာလုပ်တော့လည်းပဲ ပရိသတ်အားပေးမှုရရှိခဲ့သူပါ။ ဖိုးလပြည့်က အနုပညာဘက်မှာဝါသနာကြီးပြီး cover song တွေ cover သီချင်းတွေဆိုသလိုအခုဆိုရင် ရုပ်ရှင်တွေထဲမှာပါ ပါဝင်သရုပ်ဆောင်နေပါပြီ။

ဖိုးလပြည့်ဟာ မကြာသေးမီက နေတိုးနဲ့ နေခြည်ဦးပါဝင်တဲ့ အခမ်းနားဆုံးမေတ္တာလို့အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်းပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။

ရုပ်ချောဥစ္စာပေါ၊အနုပညာကိုခုံမင်ပြီး ချမ်းသာကြွယ်ဝသလို ပရိသတ်အချစ်တွေခံရတဲ့ ဖိုးလပြည့်ဟာ လူငယ်တော်တော်များများအားကျရတဲ့ ဘဝတစ်ခုကိုနေထိုင်နေသူဆိုရင်လည်းမမှားပါဘူး။ ဒါပေမယ့် လူတိုင်းမှာ ပြီးပြည့်စုံနေတယ်ဆိုတာတော့ မရှိဘူးဆိုတဲ့ဆိုရိုးလည်းရှိပါတယ်။

ဖိုးလပြည့်ဟာ လူမှုကွန်ယက် MyDay မှာ သူ့ရဲ့ ခံစားချက်တွေကိုဝေမျှလေ့ရှိပြီး မကြာသေးမီကလည်း သူ့ရဲ့ MyDay မှာ ပရိသတ်တွေအံ့အားသင့်စေမယ့် စာတစ်ခုတင်လိုက်ပြန်ပါတယ်။ အဲဒါကတော့ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ရင်ဖွင့်စာပါ။

နေရွှေသွေးအောင်က သူ့ရဲ့လူမှုကွန်ယက်မှာ “အခုနောက်ပိုင်းငွေကိုတော်တော်စိစစ်သုံးနေရတယ်”ဆိုတဲ့စာသားလေးရေးထားပြီး အောက်မှာလည်း သဘောပေါက်လားဆိုတဲ့ စာနဲ့ Yes or No Quiz လေးလုပ်ထားပါသေးတယ်။ ပရိသတ်တွေကတော့ခဏတွင်းချင်းမှာပဲ အဲဒီစာသားလေးကို ဝိုင်း share ထားကြပြီး အမျိုးမျိုးသောဝေဖန်မှုတွေပေးထားကြပါတယ်။

ဖိုးလပြည့်လိုလူမျိုးတောင် ငွေကိုစိစစ်သုံးနေရတယ်လို့ပြောနေရင် ကျန်တဲ့လူတွေက ဘယ်လိုလုပ်ရမလဲလို့ စနောက်ထားကြတဲ့ပရိသတ်တွေလည်းအများကြီးတွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.