” အခုအချိန်မှာစီးပွါးရေးဆိုတာထက် တိုင်းပြည်တစ်ခုလုံးရဲ့အသက်ဘေးကအရေးကြီးပြီလို့ စီပွားရေးသမားတွေကို ဒဲ့သတိပေးလိုက်တဲ့ စမိုင်းလ် “


 

 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရိသတ်ကြီးရေ စမိုင်းလ်ကတော့ လက်ရှိမှာ ဖြစ်ပွားလျက်ရှိတဲ့ Covid 19 နဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန် တွေကိုအင်တိုက်အားတိုက်ရှေ့ဆုံးကနေ တိုက်နှိုးဆော်လျက်ရှိတဲ့သူတစ်ယောက်ပါပဲနော်။အလှူအတန်းတွေနဲ့ ပရဟိတတွေကို ထိပ်ဆုံးက လုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင်တစ်လက်ပဲ ဖြစ်ပါတယ်။

ဘာသာရေးလိုက်စားသူတစ်ယောက်ဖြစ်တဲ့ စမိုင်းလ်ကတော့ အိမ်ထောင်ရေးမှာလည်း အမြဲ စိတ်ချမ်းသာရပြီး အလိုလိုက် သည်းသည်းလှုပ်ချစ်ပေးတဲ့ ခင်ပွန်းကိုရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးတွေနဲ့အပြိုင်နုပျိုနေတဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားပါဘူးနော်။

ဒီနေ့မှာလည်း Covid 19 နဲ့ပတ်သက်ပြီး ” ဘစ်ကားတွေလည်းစီးနေရတုန်းပဲ သွားစရာတွေလည်းရှိနေကြတုန်းပဲလူတွေ ဘယ်လိုလုပ်ကြမလဲ?ဘစ်ကားပိုင်ရှင်တွေတစ်စီးကိုဘယ်နှစ်ယောက်ပဲဆိုပြီးအတိအကျတင်ရင် လူတွေချောင်ချောင်စီးပြီး တစ်ယောက်နဲ့တစ်ယောက်ခပ်ခွါခွါနေ လက်အိတ်လေးတွေနဲ့ဆိုအဆင်ပြေမယ်ထင်တယ်နော်.. အခုအချိန်မှာစီးပွါးရေးဆိုတာထက် တိုင်းပြည်တစ်ခုလုံးရဲ့အသက်ဘေးကအရေးကြီးပြီ ” ဆိုတဲ့ စာလေးနဲ့ သူမရဲ့ ထင်မြင်ချက်လေးနဲ့ အကြံပေးစကားပြောကြားခဲ့တာပါ။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ အကြံပေးချက်လေးတွေကို ထောက်ခံရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : Smile – စမိုင်းလ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.